-3-

1.2K 57 29
                                        

Unicode-

"Jungkook ငါမင်းကို ဒီတစ်ခါအတည်မေးမယ်"

"မင်းကငါ့ကိုဘာမေးရသေးလို့လဲ"

ကိုယ်တော်ချောရယ်...
ပြောမဲ့စကားတွေကိုပျောက်အောင်မလုပ်စမ်းနဲ့။

ရန်ပြန်တွေ့ချင်ပေမဲ့ သူအတည်ပြုစရာကိစ္စကပိုအရေးကြီးနေသည်မို့ စိတ်လျှော့လိုက်သည်။

"မင်း ဆရာKimကိုမြင်တာနဲ့ ဘာဖြစ်နေရတာလဲ?? ငါတွေ့နေမြင်နေရပေမဲ့ တကယ်မယုံနိုင်လွန်းလို့ပါကွာ"

Jimin မေးမှရတော့မယ် ။
Jungkookကို စနောက်နေကြတယ်ဆိုပေမဲ့ သူနဲ့Hoseokအမြင်မှာ တကယ့်အတည်ကြီးလို တကယ့်ကို မယုံနိုင်ကြဘူး ။

"မင်းက ဆရာ့ကို တကယ်ကြီးသဘောကျနေတာလား ဟေ့ကောင် ကြည့်လည်းလုပ်ဦးနော်"

Hoseokက Miloဗူးကို တပြွတ်ပြွတ်စုပ်ကာ မေးသည် ။ အစားကအစား သိချင်တာကသိချင်တာပဲ ။

"ဟုတ်တယ်ကွာ! ငါဆရာTaehyungကို သဘောကျတယ် ဘာဖြစ်လဲ!"

"ဟာ!!! ဟေ့ကောင်! မင်း မင်း ဟုတ်မှလည်းလုပ်ဟ! ဟိုက‌ကျောင်းဆရာနော် မင်းကကျောင်းသား ငရဲတွေတော့ကြီးကုန်တော့မှာပဲ မျောက်ရယ်!"

"အေးလေ Jungkook ရာ မင်းကလည်းမဖြစ်နိုင်တာကြီးကို"

"အဲ့ဒါတွေမသိဘူး ငါဆရာ့ကိုသဘောကျတာပဲ သိတယ် အစကငါလည်း ဘယ်ထင်မိမလဲကွာ နောက်တော့ ဆရာ့ကို ငါသိချင်တာတွေမေးလိုက်တော့ ငါ့ခံစားချက်တွေကသေချာသွားတယ်"

"မင်းကအဲ့လိုသွားစပ်စုတော့ ဆရာ့ကိုအားနာစရာကြီး တွေ့တာဖြင့်ဘယ်လောက်မှမကြာသေးဘူး"

"ဒီမှာ ဆရာကငါမေးတာတွေဖြေပေးတယ် မင်းတို့ထင်သလို စည်းကျော်တဲ့မေးခွန်းတွေငါမမေးပါဘူး ဘယ်မှာနေလဲတို့ ဘာ‌တို့မေးတာပါ..ပြီးတော့ ဆရာက ငယ်ငယ်လေးရှိသေးတာ ဟဲဟဲ"

"ဒါဆို မင်းတကယ်ကြီး ကွေးသွားတာပေါ့"

"အဲ့လိုထင်လည်းရတယ် ဒါပေမဲ့ ငါကဆရာလေးတစ်ယောက်ထဲကြောင့် ကွေးတာ သိပြီလား"

"တကယ်လို့ ဆရာက Straightဆိုပြီး မင်းကိုလက်မခံရင်ဘယ်လိုလုပ်မလဲ"

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now