-11-

879 30 31
                                    

Unicode-

" မင်း ဒါတွေဘယ်လိုတောင်ပြင်ဆင်လိုက်တာလဲ "

" ဪ! ဒါလား ဒီတိုင်းပဲ... "

" ဖြေလိုက်ရင်အမြဲ ဒီတိုင်း ဆိုတာချည်းပဲ...မရဘူး ဖြေစမ်း "

" ကျွန်တော်..ဒယ်ဒီ့ဆီက ပိုက်ဆံနည်းနည်းချေးလိုက်တယ် ၊ နောက်ပြီး စုထားတဲ့ငွေထဲက နည်းနည်းနဲ့ပေါင်းပြီး စီစဉ်လိုက်တာ...ထယ့်ကိုချော့ရင်းနဲ့ တစ်ခါတည်း ချစ်ခွင့်ပန်လိုက်တာ....ဟဲဟဲ"

ကိုယ့်အတွက် သူ့ကိုယ်ပိုင်ငွေတွေပါသုံးပစ်တဲ့အထိဆိုတော့ ကြည်နူးမိသလို အားလည်းနာမိတယ်။ ဒီကောင်လေးကိုတော့ လုံးဝကိုလိုက်မမီနိုင်တော့ဘူးပဲ။

" မင်းတော့နော်! ဘာလို့အဲ့လောက်ထိလုပ်ရတာလဲ "

" ထယ့်ကိုချစ်လို့ပေါ့ဗျ...စိတ်မပူပါနဲ့ နောက်ကျ ဒယ်ဒီ့ကိုဒီငွေတွေပြန်ဆပ်မှာပါ "

" Jungkook..ငါမင်းထက်ကြီးတယ်နော်..အကြီးကိုဘာလဲ ထယ် ထယ်နဲ့ "

" ထယ်..ဆိုတာက ကျွန်တော့်ရဲ့သီးသန့်နာမ်စားလေးပါဗျာ...စသိကတည်းက ခေါ်ချင်နေတာ..မဖြစ်နိုင်သေးလို့ နှလုံးသားထဲမှာပဲ သိမ်းထားရတာ..အခု ခေါ်လို့ရပြီမလား"

" ငါမခေါ်ခိုင်းလဲ မင်းခေါ်မှာပဲမဟုတ်လား "

" ဟီးဟီး.. ထယ်တောင်ကျွန်တော့်စိတ်ကိုသိနေပြီပဲ..ချစ်မိသွားရင် ရင်ခွင်ချင်းပါနီးသွားတယ် ဆိုတာ မှန်တာပဲ‌.. "

" ဒီကောင်လေးကတော့! "

" စား..စား ဒီကိတ်လေးကောင်းတယ်...အသီးလေးလည်း စား.. "

မျက်နှာလေးကရွှင်ပြုံးနေပြီး သူ့အတွက်အကုန်လိုက်လုပ်ပေးနေတာ တော်တော့်ကိုပျော်နေတဲ့ပုံပဲ။ နှုတ်ခမ်းပေါ်ကပေသွားတဲ့အရာလေးတွေကအစ တစ်ရှူးနဲ့လာလာသုတ်ပေးသေးတာ။

" ဝိုင်က ဘာလို့လဲ.. မင်း သောက်မယ်မကြံနဲ့နော် "

" ကျွန်တော်မသောက်ပါဘူး.. ထယ့်အတွက်မှာပေးတာ..ကျွန်တော်ကဒီမှာ.. "

လက်ထဲက အအေးခွက်လေးကို မြောက်ပြတော့ အသံလေးမဆိုသလောက်မာသွားမိလို့ စိတ်မကောင်းဘူး။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now