-25-

757 36 12
                                    

Unicode-

" ဒီနေ့ နေ့လည်စာ မောင်ချက်ကျွေးမယ် "

" ဟင်? မောင်က ချက်တတ်တယ်လား..ဟုတ်မှလဲလုပ်ပါဦး ဟားဟား "

ဟာသတစ်ခုပြောလိုက်သည့်နှယ် တဟားဟားအော်ရယ်နေတဲ့ ထယ့်ရဲ့နဖူးလေးကို လက်နဲ့တောက်ချလိုက်တယ်။

" အ့! နာတယ်ဟ "

" မောင်ကိုများ ဘာမှတ်နေလဲ...ကျောင်းတက်တုန်းက သင်ထားတယ်နော် ဟွန်း.. "

" မင်းက ဟင်းချက်သင်ဖို့ အချိန်ရှိတယ်ပေါ့ "

" စောင့်ကြည့်လိုက်ပါ...မောင့်လက်ရာကိုကြိုက်လွန်းလို့ဆိုပြီး နောက်မှမစွဲလမ်းသွားနဲ့"

" အေးပါကွာ..ကြည့်တာပေါ့...အပြောပဲကောင်းပြီး အလုပ်မကောင်းလို့ကတော့ ငါကကွန်ဒိုတစ်ခုလုံးကြားအောင် အော်ရယ်မှာနော်"

" မောင် အလုပ်ကောင်းတာ ထယ်သိပါတယ်"

Jungkookဘာပြောမှန်းမသိဘဲ ကြောင်နေရာမှ အဓိပ္ပာယ်သေချာသိသွားတော့ Taehyungမျက်နှာကြီး ရဲတက်လာတယ်။

" Jeon Jungkook!! မင်းမိုက်ရိုင်းလှချည်လား"

ဆိုဖာပေါ်က ကူရှင်ပျံကြီး သူ့ဆီလွင့်လာတော့ Jungkookတစ်ယောက် မီးဖိုချောင်ကိုပြေးသွားတာများ လှစ်ခနဲ။

မရဘူး သူ့ကလေးကြီးက စိတ်ကြီးတယ်။

အေပရွန်ကိုဝတ်ပြီးတာနဲ့ အရင်ဆုံး ပါစတာအရင်ချက်မယ်။ ခရမ်းချဉ်သီးနဲ့ ခေါက်ဆွဲကိုယူပြီး ခေါက်ဆွဲကိုအရင် ရေနွေးဖျောလိုက်တယ်။ ပြီးတော့ ဆော့စ်လုပ်ဖို့ပြင်ဆင်ရတယ်။ ရလောက်ပြီဖြစ်တဲ့ခေါက်ဆွဲတွေကိုဆယ်ပြီး ရေခဏစစ်ထားပြီး ဆော့စ်အိုးကိုကြည့်ရပြန်တယ်။

ပါစတာအတွက်လိုအပ်တာတွေပြင်ဆင်လို့ပြီးသွားတော့ရေခဲသေတ္တာထဲကနေ ပင်လယ်စာထုပ်ကိုထုတ်လိုက်တယ်။ ထယ့်အတွက် ပါစတာနဲ့တွဲစားဖို့ ပင်လယ်စာဟင်းရည်စပ်စပ်လေးချက်ပေးမယ်။ ပင်လယ်စာတွေကိုရေစင်စင်ဆေးပြီး အရင်ပြုတ်လိုက်တယ်။နောက်တော့မှ ပြုတ်ထားတဲ့အရည်ထဲကို ပါဝင်ပစ္စည်းအမယ်တွေနဲ့ အမွှေးအကြိုင်တွေထည့်ပြီးအုပ်ထားလိုက်တယ်။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now