-35-

558 33 12
                                    

Unicode-

Taehyungတို့ကျောင်းက စာမေးပွဲကာလဖြစ်တာကြောင့် အလုပ်များနေရတယ်။ ဒါ့အပြင် နှစ်ဆုံး အတန်းတင်စာမေးပွဲဖြစ်တာမို့ ကျောင်းသားတွေတင်မက ဆရာတွေလည်း ပင်ပန်းတဲ့အချိန်ဖြစ်တယ်။

Bogumက ကော်ဖီဘူးကို Taehyungရဲ့စားပွဲပေါ် တင်ပေးလာသည်။

" ကျေးဇူး "

Taehyung တစ်ငုံသောက်လိုက်ပြီး ခံတွင်းထဲစိမ့်ဝင်သွားတဲ့သင်းပျံ့တဲ့ကော်ဖီရနံ့ကြောင့် စိတ်ကကြည်လင်သွားတော့သည်။

" မေးခွန်းတွေထုတ်လို့ပြီးပြီလား "

" မပြီးသေးဘူး တစ်စုံကကပ်သီးသပ်ဖဲ့နဲ့ကျန်နေတယ် "

" အေးဆေးပေါ့..ဒါနဲ့ အုပ်ကြီးက ဒီနှစ်resultကို တော်တော်မျှော်မှန်းထားပုံရတယ်...ကလေးတွေလေ့ကျင့်အားကောင်းမကောင်း သူသိချင်တာကြောင့် ဆရာတွေက သေချာလေးအားစိုက်ပေးပါတဲ့ "

" ကောင်းပါတယ်..မင်းကရော "

" ငါက ပြီးပြီ "

" အဲ့ဒါကြောင့် ငါ့ဆီလာပြီး လေပွားနေတာပေါ့..အဲ့ဒီ့လောက်အားယားနေရင် ကလေးတွေနဲ့စာတွေဆွေးနွေးနေကြပါလား ”

" သူတို့နှင်ထုတ်လိုက်လို့ မင်းဆီလိမ့်လာတာကို မင်းကပြန်ကန်ထုတ်နေတယ် အံ့ဩပါ့ ဒါလား သူငယ်ချင်းကောင်း ချီးလိုပဲ "

" ဝေါ့! ရွံစရာကွာ ‌ရိုင်းလိုက်တာ "

" အယ်မယ် ချီးကျရွံတတ်သွားရောလား...တခြားဟာဆို မရွံတော့ဘူးပေါ့ "

" ဟေ့ကောင်! မင်းဘာတွေပြောနေတာလဲ "

" ဖြူစင်သူလေး လာလုပ်မနေနဲ့ ဟေ့ကောင်! လင်ရှေ့ကျတစ်မျိုး ငါ့ရှေ့ကျတစ်မျိုး မင်းကမှ တကယ့်လင်ထိပ်ထားစံ "

" အရမ်းရိုင်းတာပဲ ခွေးကောင်! "

Bogumက လျှာထုတ်ပြကာ တဟားဟားအော်ရယ်ရင်း ပြေးထွက်သွားတယ်။ သူတို့နှစ်ယောက်က ဒီလိုပါပဲ။ အခုမှငယ်ငယ်ကလိုဆက်ဆံရေးပြန်ဖြစ်လာတော့တယ်။ ရင့်ကျက်လာတဲ့အပြုအမူတွေရယ်၊ ဆရာဆိုတဲ့ဂုဏ်ပုဒ်ကြောင့် ထိန်းသိမ်းသင့်သလောက်ထိန်းသိမ်းပြီး ပြောဆိုခဲ့ကြသည်။ ဒါ့အပြင် ချစ်ရသူရှိလာတဲ့အခါ သူငယ်ချင်းကို အရင်ကလောက် အချိန်မပေးဖြစ်တော့ပေ။ ဒါကို Taehyungက စိတ်မကောင်းဖြစ်နေခဲ့တာဖြစ်သည်။

♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎Where stories live. Discover now