Unicode-
နားနေခန်းရှိ ကိုယ်ပိုင်စားပွဲပေါ် စာအုပ်တစ်ချို့နဲ့ လက်ဆွဲအိတ်ကို တင်လိုက်သည် ။
အောင့်သလိုလိုရှိတဲ့ တံတောင်ဆစ်ကို ခပ်ဖွဖွပွတ်လိုက်မိသည် ။ ခုနက ကျောင်းသားတစ်ယောက်နဲ့ဝင်တိုက်မိတုန်းက ထိသွားတာထင်ပါရဲ့ ။ တော်သေးတယ် အရမ်းနာတာမဟုတ်လို့။
"ဆရာလေး!"
"ဆရာမ လာပါ ဘာလိုလို့လဲခင်ဗျ"
ဆရာမတစ်ယောက်က အနားရောက်လာတာမို့ Taehyungနှုတ်ဆက်လိုက်သည်။
"မလိုပါဘူးရှင်..စာသင်ရတာ အဆင်ပြေရဲ့လားမေးမလို့ပါ"
"အဆင်ပြေတာပေါ့ဗျာ..ကျောင်းသားလေးတွေက လိမ္မာကြပါတယ်"
Taehyungက အထက်တန်းဒုတိယနှစ်နဲ့နောက်ဆုံးနှစ် အတန်းနှစ်တန်းကို တာဝန်ယူထားတာမို့ ဒီနေ့တော့ ဒုတိယနှစ်အတန်းမှာအချိန်ပါတာနဲ့ ဝင်လိုက်ရသည်လေ ။
ကျောင်းသားတွေက လိမ္မာကြသည် ။ သင်ရတာလည်း အဆင်ပြေသည် ။ နယ်ကျောင်းကနေတက်လာတဲ့Taehyungက အခုလိုမြို့ကြီးပြကြီးကကျောင်းမှာတော့ အဆင်ပြေဖို့ အချိန်ယူရမယ်ထင်တာ ။
"ဟုတ်ပါပြီ အဆင်ပြေလို့ဝမ်းသာပါတယ် သိချင်တာရှိရင်မေးလို့ရတယ်နော် အချင်းချင်းတွေပဲ..အားမနာပါနဲ့"
"ကျေးဇူးပါပဲ.."
"မဟုတ်တာ ဆရာလေးရယ်"
"Taehyung!!!"
ရုတ်တရက် ကြားလိုက်ရတဲ့အသံနဲ့အတူ မြင်လိုက်ရတဲ့လူကြောင့် အံ့ဩမိသည် ။
"Yarr..Kim Taehyung!!"
"မင်း..မင်း ဘယ်လို!"
"ဘယ်လိုမှမဟုတ်ဘူး..ငါကဒီကျောင်းရောက်တာကြာလှပြီ အသစ်ပြောင်းလာတဲ့ဆရာဆိုလို့ လာကြည့်တာ မင်းဖြစ်နေတာကိုး"
"ဆရာတို့က သိနေကြတာလား"
"ဒါပေါ့ ဆရာမရယ် ကျွန်တော်တို့ကငယ်ငယ်တည်းကခင်လာကြတာ ကျောင်းပြီးတော့ အဆက်အသွယ်ပြတ်သွားကြတယ်ဆိုပါတော့"
"ဪ ရေစက်ပဲ.. ပြန်တွေ့တာဆိုတော့လေ..ဒါဆို သူငယ်ချင်းနှစ်ယောက် အေးဆေးစကားပြောကြပါဦး ကျွန်မ အတန်းချိန်ရှိသေးလို့"
YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanfictionထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...
