Unicode-
" မောင် ဖြစ်ပါ့မလား.. ငါကြောက်တယ်နော် "
" မကြောက်ပါနဲ့ဆို..မာမီတို့ကတောင် ထယ့်ကိုစောင့်နေတာ "
သူတို့ အိမ်ရှေ့ရောက်နေတာ 15မိနစ်လောက်ရှိနေပြီ ။ အိမ်ထဲဝင်မဲ့ Jungkookလက်ကို အတင်းပြန်ဆွဲထားတာ ခုထိ အိမ်ထဲမရောက်ကြသေး ။
" လာ...မောင်တစ်ယောက်လုံးရှိတယ်..ဘာကိုကြောက်နေမှာလဲ "
ထိုစဉ် Jungkookအမေကအိမ်ထဲကထွက်လာတဲ့အချိန် သူတို့နှစ်ယောက်ကိုမြင်သွားတယ်။
" ဟိတ်! ဟိုနှစ်ယောက် အိမ်ထဲမဝင်ဘဲအဲ့ဒီ့မှာ ဘာရပ်လုပ်နေကြတာလဲ!!? "
မောင့်မာမီအသံကြားလိုက်တော့ Taehyungလန့်ပြီး မောင့်လက်ကိုလည်းလွှတ်လိုက်တယ် ။ မောင်ကကြည့်လာတော့ မျက်နှာရိပ်မျက်နှာကဲ ပြရတယ်။ လူကြီးရှေ့မှာတော့ ဒီလိုလုပ်လို့မသင့်ဘူးမှတ်လား ။
" လာကြ! အိမ်ထဲဝင် "
" ဟုတ်ကဲ့ "
သူတို့ရောက်ပြီးမကြာ ရှေ့ဆင့်နောက်ဆင့်ပင် Jungkookအဖေ ရောက်လာတယ် ။ Taehyungလည်း မောင့်မိဘတွေအတွက် လက်ဆောင်ဝယ်လာတဲ့ သစ်သီးခြင်းလေး ကမ်းလိုက်သည် ။
" ဘာလို့ ဝယ်လာတာလဲ..မလိုပါဘူးကွယ် "
" ယူလိုက်ပါ မာမီရဲ့..တကူးတကတောင် ဝယ်လာပေးတဲ့ဟာကို "
!ငါသိတယ်နော်! ဆိုတဲ့အကြည့်နဲ့ကြည့်လာတဲ့ မာမီကြောင့် ချောင်းတစ်ဟန့်ဟန့်နဲ့ မသိချင်ယောင်ဆောင်လိုက်တယ် ။ ထယ်ကတော့ အံတကြိတ်ကြိတ် ။
" ထိုင်လေ သားရဲ့..မင်းလာမယ်ဆိုလို့ အန်ကယ်က အမီပြန်လာတာ "
" အာ ! "
Jungkook နဲ့ Taehyungက ဆိုဖာမှာဝင်ထိုင်ရင်း ရုတ်တရက် Jungkookက တစ်ခုခုသတိရသွားဟန်ဖြင့်
" ကော်ဖီသောက်မလား..သွားဖျော်ပေးမယ် "
Taehyung ချက်ချင်း မောင့်လက်ကို ဆွဲလိုက်ရတယ် ။ ဒီကောင်လေး သူ့ကိုဘာဖြစ်စေချင်နေတာလဲ ။
" ရတယ်..မသောက်တော့ပါဘူး "
ခေါင်းတခါခါဖြစ်နေတဲ့ ထယ်က တစ်ယောက်တည်းမကျန်ခဲ့ချင်လို့ဆိုတာ သူသိတယ် ။ သူ့မိဘတွေက ကြည်ဖြူပါတယ်ဆိုမှကို ထယ်ကကြောက်နေသေးတာ ။
![](https://img.wattpad.com/cover/310946698-288-k99763.jpg)
YOU ARE READING
♡︎-𝗛𝗘𝗔𝗥𝗧𝗕𝗘𝗔𝗧-♡︎
Fanfictionထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ ထယ် က မောင့် အတွက် အစားထိုးမရတဲ့ နှလုံးခုန်သံလေး~ 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 𝗑 𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 Romance Only...