3. သခင်ငယ်ရဲ့ လက်ရာ

1.8K 176 12
                                    

Unicode ver...

3.သခင်ငယ်ရဲ့ လက်ရာ

"ရှောင်းပြောနေတာတွေ အကုန်လုံးက တကယ်ပေါ့"

တအံ့တသြမေးလာတဲ့ သခင္ငယ်ကြောင့္ ရှောင်း​က ယုန်သွားလေးပေါ်အောင္ ပြုံးရယ်ပြီး~~~

"တကယ္ပါဆိုဗျာ။ သခင္ငယ်ပြောကြည့် ကျွန်တော်မှားသလားလို့ ကျွန်တော်က ကိုယ့်ဘာသာကိုယ္နေပြီး ပျော်နေခဲ့တာကို ခေါ်ယူတာတင်မက နိမ့်ချအမှုတို့ပါ ပေးလာတဲ့ သူကို ပညာပြမိလေတော့ ကျွန်တော့်အမှားတဲ့ ဒါဖြစ္သင့်သလား ဖြစ်သင့်သလားလို့။ "

ပြောရင်းဆိုရင်း နှုတ်ခမ်းလေး အနည်းငယ်ထော်ပြီး ဆောင့်အောင့် လာတဲ့ ရှောင်းကြောင့် ဝမ်ခင်မျာ အနည်းငယ္ ပြုံးမိသွားလေသည်။ ဘဝ ဇာတ်ကြောင်းက သနားဖို့ကောင်းနေပေမဲ့ ရုပ်တည်ကြီးနဲ့ စူပုတ်နေတဲ့ ရှောင်းကြောင့် မနေနိုင်စွာ သူပြုံးမိသွားလေသည်။

တန်ခိုးရှင်လည်း ဘာဖြစ်သလဲ သူလည်း သွေးသားနဲ့ လူသားတစ်ဦးပါပဲမလား။ ကောင်းကောင္းတွေးကြည့်ရင် ဒီလူသားက မတရား ခံနေရတာရယ်။

နေသာနေတာမို့ ခရီးတွေ သဲသဲမဲမဲ သွားနေတာမျိုး မဟုတ်တဲ့ ဝမ်က ခရီးတစ်ထောက်နားနေချိန်မှာ အနည်းငယ်လည်း အိပ်လိုက်ပါသေးသည်။

ဝမ်ကလေး အိပ်နေချိန်တွေဆို တန်ခိုးရှင်က
ဝမ်ကလေးရဲ့ ပတ်ပတ်လည်မှာ အကာအကွယ္စည်းတွေ ချပေးပြီး သူအဖို့တော့ အနီးအနားက သစ်သီးတွေကို ထွက်ရှာလိုက်လေသည်။

ထုံးစံအတိုင္း ကြာပန်းအလွှာပါးထဲ အိပ်ပျော်နေတဲ့ ကောင်ငယ်လေးကို နောက်ကို တစ်ချက်လှည့်ကြည့်ပြီး သူ့ခရီးလိုရာကို စတင်လိုက်တဲ့ တန်ခိုးရှင်ရဲ့ မျက်နှာ ထက်မှာ အပြုံးနုနုတို့ ဖြစ္ထွန်းလေသည်။

ဘယ်သစ်သီးက ချိုမလဲ။ ဘယ်သစ်သီးက မွှေးမလဲ။ ဘယ်အသီးက အရည်ရွမ်းလေမလဲ။  ကြည့်တာနဲ့တင် သိနေတဲ့ တန်ခိုးရှင်က သူ့အိတ်ထဲ ထည့်လာလိုက်သည်မှာ ကျောမှာ ပိုးရသည်ထိ ပင် ဖြစ်သည်။

~
~
~

ကောင်းကင်ပြည်ရဲ့ တစ်နေရာ~~~

"ဆရာအထင် ဒီကိစ္စက လုပ်ငန်းဖြစ်ပါမည်လား"

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now