22. လေနှင်ရာအရပ်မှာ

792 112 26
                                    

Unicode ver.....

22.လေနှင်ရာအရပ်မှာ

အချိန်တစ်ခုကြာအောင် အသိဝိဉာဥ်မဲ့နေတဲ့
နတ်မင်းတစ်ပါးလို့ လူသိများတဲ့ နတ်ဘုရားတစ်ပါးရဲ့ ခန္ဓာကိုယ္ရုပ်ကလပ်ဟာ အချိန်တစ်ခုထိ အရောင်မိန်နေပြီး ညနက်တစ်ခုဟာ ထိုခန္ဓာလေး ပကတိ ပြန်​ပေါ်လာပြီး အဖြူရောင်အရိပ်တစ်ခု ဝင်သွားလေသည်။
နောက်တစ်နေ့မနက်မှာပဲ ထိုခန္ဓာကိုယ္လေးက အသက်ရှူလာပြီး ပကတိ တည်ငြိမ်နေတဲ့ မျက်ခွံမို့မို့ကလေးက တဖြေးဖြေး ပြန်ပွင့်လာလေသည္။

ထိုနတ်မင်းလေး နိုးထလာတာနဲ့ ကောင်းကင်မင်းကြီး တင်မက နတ်မင်းဆရာကော တပည့်တွေ အစေခံတွေပါ မကျန် ပျော်ရွှင်နေကြလေသည္။ ထိုသူတွေနဲ့ ခြားနားစွာ နတ်မင်းကလေးကတော့ ပကတိတည်ငြိမ်နေတဲ့ မျက်နှာနဲ့သာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ငြိမ်သက္နေခဲ့လေသည်။

ရေပြင်ညီလို ကြိမ်သက်နေတဲ့ မျက်ဝန်းပြာလေးတွေကြောင့် ထိုနတ်မင်းလေးရဲ့ စိတ်ကလေးထဲ ဘာတွေရှိနေတယ်ဆိုတာကိုလည်း ဘယ်သူမှ သိရှိနိုင်စွမ်းမရှိခဲ့ပေ။

"အိမ်ပြန်လာတာကို ကြိုဆိုပါတယ် သားတော်"

"တရားရေးနတ်မင်းကို ဂါရဝပြုပါတယ်။"

ကောင္းကင်မင်းကြီးက သားဖြစ္သူကို ကြိုဆိုစကားပြောပြီးတာနဲ့ ငယ်သားတွေကလည်း တရားရေးနတ်မင်းကို ဂါရဝပြုကြလေသည်။

ကုတင်​ပေါ်မှာ ခြေဆင်းထိုင်ထားတဲ့ တရားရေးနတ်မင်းလေးကတော့ ကောင်းကင်မင်းကြီးကို ခေါင်းညိတ် အသိအမှတ်ပြုတာကလွဲ ဘာမှ ပြောဆိုခြင်း မပြုခဲ့ပေ။

စိတ်ခံစားချက်တွေ သန့်စင်ခြင်း ခံထားရတဲ့ တရားရေးနတ်မင်းလေးက မူလထက် ပိုတိတ်ဆိတ်နေတာကို ငယ်သားတွေ ဂရုမပြုမိပေမဲ့ ကောင်းကင်မင်းကြီးနဲ့ နတ်မင်းဆရာ ချန်ရိကတော့ သတိပြုမိသွားလေသည်။

ဒါပေမဲ့လည်း ဘာမှ မဖြစ်ခဲ့ဟန် ငြိမ်သက်နေတဲ့ တရားရေးနတ်မင်းကြောင့် သူတို့ ဘာမှတော့ မေးမြန်းပြောဆိုခြင်း မလုပ်ခဲ့ပေ။

မမှတ်မိရင်အကောင်းဆိုပေမဲ့ မှတ်မိနေရင်တော့ ရင်မောရပါတယ် တရားရေးနတ်မင်းရယ်။ သာမာန်သန့်စင်ခြင်း ဝင္ပေါက်က ခင်များကို ခံစားချက်တွေကို သန့်စင်ပေးနိုင်မလား မသိပေမဲ့ သန့်စင်ပေးနိုင်ပါစေလို့သာ ဆုတောင်းပေးပါတယ္။

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now