Unicode ver....
36. ကျေးဇူးတင်ပါတယ် ရှောင်း
"နောက်ဆုံး ပြိုင်ပွဲဝင်ဖြစ်တဲ့ လော်ကျိဝေ၊ ရှောင်းချွမ်း(ရှဲ့ယွင်) နေရာယူပါ။"
အစီအစဥ် တင်ဆက်သူရဲ့ စကားအဆုံး ရှဲ့ယွင်နဲ့ ကျိဝေက ကွင်းလယ် ရောက်လာလေသည်။
ကွင်းထဲ ရောက်ရောက်ချင်းမှာပဲ ရှဲ့ယွင်က~~~
"ကျိဝေကော ဒီက အားနည်းတဲ့ ညီလေးကို ငှဲ့ညာပါအုံးနော်"
"~~~~"
သူစကားပြောနေတာကို ပြန်မပြောတဲ့ ကျိဝေကြောင့် ရှဲ့ယွင်က နှာကလေး မှုတ်လေသည်။
"ဟမ့် သူများစကားပြောတာကို ပြန်တောင် မပြောဘူး။ ချေထား ဟွန့်"
"ငါ့ကို နိုင်အောင် အရင်တိုက် ပြီးမှ ဆက်ပြောတာပေါ့"
"ဟမ့်"
"အဆင်သင့် ဖြစ်ပြီဆိုရင် ပြိုင်ပွဲစတင်ပါပြီ"
အစီအစဥ်တင်ဆက်သူ ပြောပြီးတာနဲ့ လူတစ်ယောက်က ဖယောင်းတိုင်မီးကို စတင် ထွန်းညှိလေတော့သည်။
ကွင်းလယ်က နှစ်ယောက်သားကလည်း ကိုယ္ဟန်အပြည့်နဲ့ စတင် တိုက်ခိုက်လေတော့သည်။
အားလုံးက တော်လွန်းတဲ့ လူနှစ်ယောက်ကို ငေးကြည့်နေကြပေမဲ့ ရှောင်းတစ်ယောက်ကတော့ တိုက်ကွက်ကို ဂရုမစိုက်နိုင်စွာ သူ့သခင်ကိုသာ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်စွာ ကြည့်နေလေသည်။
"အင့် အ့!"
"သခင်!"
တိုက်ကွက်တစ်ခုမှာ တမင်ဖန်တီးလေသလား တကယ္လား မပြောတတ်စွာ ရှဲ့ယွင်က ထိသွားတာကြောင့် အရှိန်မထိန်းနိုင်စွာပဲ ရှဲ့ယွင်ရဲ့ ခန္ဓာကိုယ်လေးက ကြမ်းပြင်နဲ့ မှိတ်ဆက်သွားရလေသည်။ ကြည့်စင်နေရာကနေ ထိုင်ကြည့်နေတဲ့ ဂျီချုံးက ထိုအခင်းအရာကြောင့် သူ့ကိုယ္သူတောင် သတိမထားမိပဲ မတ်တပ်ရပ်လို့ "သခင်" ဆိုပြီး အော်မိသွားလေသည်။
သူသွားဖို့ လုပ်ပေမဲ့ သူ့လက်ကို ဆွဲပြီး ခေါင်းခါပြတဲ့ ယန်ချဲ့ရှင်ကြောင့် ဂျီချုံးတစ်ယောက် စိတ်ကို လျော့ပြီး ပြန်ထိုင်လိုက်ရလေသည်။
ВЫ ЧИТАЕТЕ
Let me Cherish you, My Lord (ZSWW) [complete]
ФанфикPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...