15. ချစ်သက်လက်ဆောင်

986 112 8
                                    

Unicode ver....

15.ချစ်သက်လက်ဆောင်

သတင်းဖြန့် လိုက်ရှာရင်းကနေ ထိုလူသားလေးဟာ လေလွင့်သမားတော် ဖြစ်မှန်းသိရတော့ ဟုန်ဘုရင်ကြီးဟာ ထိုလူသားလေးကို ပိုတိုးလို့သာ မြတ်နိုးနေမိတော့သည်။

ကြားရတဲ့ သတင်းက မွှေးလွန်းလို့  ရှင်ဘုရင်ကြီးမှာ ပီတိ ဖြစ်လို့နေလေသည်။
မပိုင်ဆိုင်ရသေးပေမဲ့ အနာဂတ်မှာ အသေအချာ ပိုင္ဆိုင်ရမည်ဟု တစ်ထစ်ချ ယုံကြည်ထားတာကြောင့် ရှင်ဘုရင်ကြီးဟာ သမားတော်လေးရဲ့ သတင်းကြားတိုင်း အမြဲတပြုံးပြုံးနဲ့ ဖြစ်နေလေသည်။

နန်းမြို့တော်မှာ ကျန်ခဲ့တဲ့ မိဖုရား မောင်းမတွေကတော့ ရင်တွေကွဲရုံကလွှဲ ဘာမှ မတတ်နိုင်ခဲ့ပေ။

~~~~~

"ဒီ တန်ခိုးရှင်နဲ့တော့ ရိုက်ထည့်လိုက်လို့ ဒီမှာ အဝတ်ချုပ်နေတာလေ"

သူဝတ်ရုံကို စနစ်တကျ ချုပ်နေတုန်း သူ့ကို နောက်ကနေ မျက်လုံးတွေ လာပိတ်တဲ့ ရှောင်းကြောင့် ဝမ်က လက်ကို ဖယ်ခွါရင်း စူအောင့်အောင့်လေး ပြောနေတာ ဖြစ်သည်။

"သခင်ရိုက်ရက်တယ်ပေါ့လေ"

ဝမ့်ကို နောက်ကနေ သိုင်းဖက်ရင်း ထိုသို့ဆိုလေတော့ ဝမ်က ပြုံးပြီး ~~~~

"ဒါပေါ့"

"ရက်စက်တာဗျာ နှလုံးသားလေး နာကျင်သွားပြီ"

ဝမ့်ရဲ့ဘေးမှာ တိုးကပ်ထိုင်လို့ ငြူစူစူကြီး ပြောလာတဲ့ ရှောင်းကြောင့် ဝမ့်မှာ ခီွးခနဲကို သဘောတကျ ရယ်မောလေသည်။

ထိုအရာကို ရှောင်းက သဘောကျပေမဲ့ မျက်နှာငယ်လေး ဟန်ဆောင်မူပိုကာ လှုပ်ပြလေတော့ ဝမ်ကလေးက ရှောင်းရဲ့ ပါးနှစ်ဖက်ကို ရသလောက်အုပ်ကိုင်ပြီး~~~

"ကြည့်ရတာ ခုတလော စစ်သူကြီး ထန်မင်က တန်ခိုးရှင်ကို လာလာမရှုပ်တော့ဘူးထင်တယ်။ ခုတလော တန်ခိုးရှင်က ကျွန်တော်နား ကပ်ချိန်များနေသလားလို့"

ဝမ်က စနောက်သံနှောလေးနဲ့ မေးလေတော့~~~~

"ဒါပေါ့~~~သခင်ရယ် ဒါကြောင့်မို့ အချိန်ရှိတုန်းလေး သခင့်နားကပ်ရတာကို သခင်က ဝတ်ရုံချုပ်ဖို့ကိုပဲ စိတ်ဝင်စားနေတယ်"

Let me Cherish you, My Lord  (ZSWW) [complete]Hikayelerin yaşadığı yer. Şimdi keşfedin