Unicode ver...
23.သခင်က ကျွန်တော့်ကို မေ့သွားပြီ
"သခင် အကယ္လို့ သခင်သာ ရှိနေသေးရင် သခင် ကျွန်တော့်ကို ဒီအစည်းအဝေးသဘင်မှာ သေချာပေါက် တက်စေချင်မှာမလားဟင်။ ဖြစ်နိုင်ရင် ကျွန်တော် ကောင်းကင္နန်းတော်ဆိုတဲ့ နေရာကို ခြေမချင်တော့ပါဘူး ဒါပေမဲ့ ခုဏက နန်းတော်ထဲက ခလေးတစ်ယောက် သူ့အမေနဲ့ စကားပြောနေတာ ကျွန်တော်ကြားလိုက်မိတယ်။ သူ ဘာပြောတယ်ဆိုတာ သခင်သိလား။ သူက ပြောတယ် သခင်က လူကောင်းလေးမို့ သေသွားပြီးရင် နတ်ပြည်ပဲ တက်ရမယ် ထင်တယ်နော် နတ်သားချောချောလေး ဖြစ္နေမှာတဲ့။ သူကတော့ ဘာရယ်မဟုတ် ခလေးအတွေးလေးနဲ့ ပြောခဲ့တာပါပဲ ဒါပေမဲ့ ကျွန်တော်ကတော့ ထိုစကားကြောင့် နတ်ပြည်ထဲ အပြေးသွားချင်မိတော့တာပါပဲ။ ဒါကြောင့်မို့ မနက်ဖြန် အစည်းအဝေးသဘင်ကို ကျွန်တော်တက်မှာမို့ သခင်ရှိနေဖို့ မျှော်လင့်ပါတယ်ဗျာ"
အဖြူရောင် ပျိုနီပန်းလှလှလေးကာရံထားတဲ့ ကုတင်ထက်မှာ လှဲလျောင်းနေတဲ့ သခင်ငယ်ရဲ့ ရုပ်ကလပ်ဆီ တိုးကပ်လို့ တိုးဖွဖွလေး ဆိုနေတဲ့ ရှောင်းရဲ့ပုံရိပ်ဟာ စို့စို့ိနင့်နင့်။ ဒါပေမဲ့ ဒီပုံရိပ်တွေဟာ သူဒီနန်းဆောင်ထဲ ရှိနေချိန်မှာသာ ဖြစ်ပြီး သူနန်းဆောင်ပြင် ရောက်ရင်တော့ သူဟာ သာမာန်လိုသာ နေထိုင်လေသည္။
သခင်က မှာထားသည်။ သုံးလောကကို ကာကွယ်ဖို့နဲ့ ကိုယ့္ကိုယ္ကို ကျန်းမာအောင်နေဖို့။ ပျော်အောင်နေဖို့ကတော့ သူသခင်ကို ပြန်တွေ့ရမှ ဖြစ္မည် ထင်ပါသည်။
~~~~~
"ခင်များ သိလား ခင်များကို ပိုင်ဆိုင်ရဖို့ ကျွန်တော် မကြာခင်ရောက်လာတော့မယ် ဆိုတာ။ ဟက် အဲဒီအရူးကောင်ကို ခင်များမို့လို့ ချစ်နေတယ်။ ခင်များကို ချစ်နေတဲ့ ဒီကောင်ကိုကျ မမြင်ဘူး။ ဘာလို့လဲ ကျွန်တော်က ကောင်းဆိုးဝါး ဖြစ်နေလို့လား။ ဒါမှ မဟုတ် ခင်များက နတ်သားပဲ ကြိုက်သလား။ အဟင်း ဒါပေမဲ့ စိတ်ချပါ ခင်များသူ့ကို ချစ်သလောက် ကျွန်တော်က ခင်များကို ပိုချစ်တာမို့ ခင်များက ကျွန်တော့်အပိုင်ပဲ ချစ်သောလေး"
ŞİMDİ OKUDUĞUN
Let me Cherish you, My Lord (ZSWW) [complete]
Hayran KurguPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...