11.ကျွန်တော် လိမ္မာတယ်မလားဟင်

1.1K 126 6
                                    

Unicode ver....

11. ကျွန်တော် လိမ္မာတယ်မလားဟင်

မနေ့ညက အိပ်ယာဝင်သည်ထိ ပျော့ဖတ်နေသေးတဲ့ သခင်ငယ်က ယခုမနက်ခင်းမှာတော့ မြစ်ကမ်းဘေးမှာ အဝတ်လျှော်နေတဲ့ ရှောင်းဘေးမှာ နှုတ်ခမ်းကလေး တထော်ထော်နဲ့ အာလူးဖုတ်နေလေသည်။

ရှောင်းခင်မျာလည်း သူ့ရဲ့ သခင်က ပြန်ပြီး လန်းဆန်းလာပြီ ဖြစ်တာကြောင့် သူ့ခင်မျာမှာ ပြုံးတုံ့တုံ့နဲ့တာ အဝတ်လျှော်ရင်းနဲ့ သူ့သခင်ကို ရှူ့မဝအောင်ကို ရှူ့မျှော်နေလေသည်။

မထင်ရင် မထင်သလို သခင်က ခလေးငယ်လေးတစ်ယောက်လို ရေကို ခိုးခိုးဆော့သေးတာကြောင့် ရှောင်းမှာ သခင့်ခြေလှမ်းတိုင်းကို လိုက်လိုက်ကြည့်နေရလေသည်။

သခင်က ခုမှ နေကောင်းခါစ မဟုတ်ဘူးလား။ ရေကို ခိုးဆော့နေတာတော့ သိပ်မဟုတ်သေးသလိုပဲ။

အတွေးစတွေပင် မဆုံးလိုက် သူ့နောက်ကျောဘက်ကနေ လက်တစ်ဖက်က ဝတ်ရုံစကလေးမပြီး ကျန်လက်တစ်ဖက်က ဖိနပ်ဖြူဖြူလေးကိုင်ပြီး ခြေဖျားကလေးထောက်ပြီး သွားနေတာက ဘယ်လိုလေးတုန်း။

"အား!!! ဘုရားရေ!!!"

ကြည့် ဘယ်လိုတောင် တလိုက်တာတုန်း။ အူယားအောင်လို့။

ခြေထောက်နဲ့ ရေပြင်ထိခါနီးမှာ ကောက်ပွေ့ခံလိုက်ရတဲ့ ဝမ်ကလေးက ဘုရားကိုတပြီး မျက်စိမှိတ်အော်ချပါတော့သည်။ ပွေ့ချီသူရဲ့ လည်တိုင်ကိုပါ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတာကိုတော့ မမြင်ချင်ယောင်ဆောင်ပေးကြပါလို့။

"ဘယ်က ပေါက်စက ရေခိုးဆော့ဖို့ ကြံတာပါလဲ"

"ရှောင်းကလဲ"

နှုတ်ခမ်းလေးစူလို့ ရှောင်းရဲ့ ရင်ဘတ်ကို မျက်နှာအပ်လိုက်တဲ့ ခလေးငယ်က ခုမှ ၃နှစ်သားခလေးလို လုပ်တုန်း။

ရှောင်းက ခေါင်းခါပြီး သခင်ငယ်ကို ပွေ့ချီလို့ ထိုနေရာကနေ ကျောခိုင်းလာလိုက်လေသည်။

"ရှောင်း  အဝတ်တွေ~~~"

ဝမ်ခလေးခင်မျာ ရှောင်းကိုယ်ပေါ်မှာ တလှုပ်လှုပ်နဲ့ အဝတ်တွေ လျှော်မပြီးသေးကြောင်း ပြောမယ်ကြံသေး ခုဏက နေရာကို ကြည့်လိုက်တော့ အဝတ်က ရှိမနေတော့ပဲ အဝတ်တွေက အဝတ်လှန်းတဲ့ နေရာဆီ အကုန်ရောက်နေပြီ ဖြစ်သည်။

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now