37. သခင်ရဲ့ အမိန့်တစ်ခုပဲ လိုတာ

696 86 6
                                    

Unicode ver...

37.သခင်ရဲ့ အမိန့်တစ်ခုပဲ လိုတာ

"မင်းသားလေးက တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်ခြင်းကို လက်ခံလိုနေခဲ့တာပဲ"

ချဲ့ရှင်ကောင်းမှုကြောင့် ကိုယ့်အိပ်ရာပေါ် ကောင်းစွာ ပြန်ရောက်ပြီး ကောင်းစွာ အိပ်ပျော်နေတဲ့ ကျိဝေဟာ ညသန်းခေါင်ကျော် အချိန်အရောက်မှာတော့ နားထဲ ကြားရတဲ့ အသံကြောင့် အိပ်ပျော်နေရာကနေ နိုးလာရလေသည်။

ခုဏက မူးနေတာတွေလည်း ဘယ်ဆီရောက်ကုန်မှန်းမသိပေမဲ့ ကြားရတဲ့ ထိုအသံကြောင့် ကျိဝေရဲ့ မျက်ခုံးနှစ်ဖက်ကတော့ ထိစပ်လုမတတ် နီးကပ်သွားရလေသည်။

ဆရာဦးလေးက ကျွန်တော့်ကို နေရာတိုင်း လိုက်ကြည့်နေတာကို ကျွန်တော်မေ့ပြီး ဒီရက်ပိုင်း လွှတ်လွှတ်လပ်လပ် နေနေခဲ့မိတာပဲ။

"ဟား ဟား ဦးလေးရဲ့ တူတော်လေးက ခုတော့ ပြောစရာစကားတောင် မရှိတော့ဘူးပဲ"

"ဦးလေး ဘာကို ဆိုလိုချင်နေတာလဲ"

မျက်မှောင် ကျုံ့ရင်းနဲ့သာ ကျိဝေက လေဟာနယ်ထဲ ကြည့်ရင်း ဆိုလေတော့ အနက်ရောင်ဝတ်စုံနဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်း လူတစ်ယောက်က ပေါ်လာပြီး~~~~

"နားမလည် ဘူးပေါ့လေ မင်း ဟိုကောင်လေးကို ဘာတွေ ပြောလဲ ငါမကြားဘူး ထင်နေလား။ သူက ထူးဆန်းနေတာ မင်းသိရဲ့သားနဲ့ မင်းက မဆင်မခြင် အနာဂတ်မှာ အရှုံးပေးမယ် ပြောနေသေးတယ်။ အသိစိတ်ရှိသေးလားမင်း။ မင်းအဖေ တည်ထားတဲ့ မကောင်းဆိုးဝါးပြည်ကိုမှ မကြည့် စကားကို လက်လွှတ်စပယ်ပြောတယ်!"

သေချာပေါက် သူ့ဦးလေးပြောနေတာကို သူလည်း နားလည်တာမို့ ငြင်းဆိုခြင်းမရှိပေမဲ့ သူက တည်တည် ငြိမ်ငြိမ်နဲ့ပဲ~~~~

"ဦးလေး အတွေးများနေပါပြီ။ သူက သာမာန် ပျော်ပျော်နေတတ်တဲ့ ကောင်လေးတစ်ယောက်သာပါပဲ။ သူ့ကို ကျွန်တော်က အတည်ပြောနေတာလည်း မဟုတ်ဘူး။ ဒီအတိုင်း ခလေးတစ်ယောက်ရဲ့ အလိုကို ဖြည့်ဆီးပေးရုံပါပဲ။"

"မင်း~~~~"

"ဦးလေးပြောတော့ ကျွန်တော် လူ့ပြည်မှာ နေနေတဲ့အတောအတွင်း လွှတ်လပ်ခွင့်ပေးမယ်ဆို။ ကျွန်တော် ဘာလုပ်နေတယ် ဆိုတာ ကျွန်တော် သိတာမို့ ဦးလေး မစိုးရိမ်ပါနဲ့။"

Let me Cherish you, My Lord  (ZSWW) [complete]Место, где живут истории. Откройте их для себя