Unicode ver...
8. ဆိုးလိုက်တဲ့ ရှောင်း
တစ်နေရာမှာ နေရထိုင်ရလို့ ဝပြီဆို သခင်ငယ်က နေရာအသစ်ထပ်ပြောင်းသည်။ လူတွေကို လိုက်လှံကုသရင်း ခရီးဆက်နေတဲ့ သူတို့ဟာ ဒီနေရာမှာ အတည်ရယ်ဟူ၍ မရှိခဲ့။
်အခု သူတို့ရောက်နေတဲ့ ရှန်းဂျိုးဟာ ဒီနှစ်တွေမှာ အအေးဓာတ်ပိုနေပါသည်တဲ့။ အဘယ္သောအရာကြောင့်များ ရာသီဥတုက ဖောက်ပြန်ချင်နေရပါသနည်း။
နှစ်ဦးသား ရှန်းဂျိုးမှာ အတော်အသင့်နေလို့ တောင်ပိုင်းကို ခရီးဆက်ကြလေသည်။ ဘာကြောင့္မှန်း မသိပေမဲ့ အအေးကြောက်တဲ့ ဝမ်သမားတော်လေးက ရှန်းဂျိုးတောင်ပိုင်းကို ခရီးဆက်ဖို့ ကြိုးစားနေတဲ့ ဝမ်သမားတော်က တစ်ခုခုများ အလိုရှိနေသလား။
သူ့ရဲ့ နောက်လိုက်လေးကတော့ ဘာမှ မသိရှာပါပဲ ဆေးပလိုင်းကို လွယ်လို့ သူ့သခင်နောက်ကိုတာ ထပ်ကြပ်မကွာ လိုက်နေလေသည်။
ရှန်းဂျိုးမှာတုန်းက နှင်းဖွဲကျတဲ့ နေ့တစ်နေ့မှာ ဝမ်သမားတော်လေးရဲ့ သူငယ်ချင်း တပည့်လေး တန်ခိုးရှင်ရှောင်းကျန့်က နှင်းဖွဲတွေကြား လွှတ်လွှတ်လပ်လပ် ဆော့ကစားနေလေသည်။
ထိုအရာကို ဝတ်ရုံ ဖြူဖြူလေးချုပ်ပြီး ကြည့်နေတဲ့ ဝမ်သခင်လေးက ပေါ့ပေါ့ ပါးပါးလေးကို ပြုံးနေလေသည်။
"အထဲကို ဝင်တော့ရှောင်း အေးနေပြီကို လာတော့"
"ဟုတ် သခင်"
အချိန်အတော်ကြာသည်ထိ ဆော့နေတာတောင် ဝသေးဟန်မရတဲ့ ရှောင်းက ခန္ဓာကိုယ်ကြီးတုန်နေပြီကို ဂရုတောင်မစိုက်။
ဝမ်ခေါ်တော့မှ ရှောင်းက တန်းနေအောင်ကို ဝမ့်ဆီ ပြေးလာပါတော့သည္။
ဆော့လို့မဝသေးပေမဲ့ သခင်က ခေါ်နေတော့ သူက မငြင်းတော့။
တဘက်ကလေးတစ်ထည်နဲ့ ရှောင်းရဲ့ ဆံစတွေကို သုတ်ပေးနေတဲ့ သခင်က တယုတယနဲ့ မို့ ရှောင်းရဲ့နှလုံးသားလေး တိမ်စီးရပါတော့သည်။
ပြုစားနိုင်လိုက်တာ သခင်က။
"ကလေးလား တုန်အောင်ထိ နှင်းဆော့ရတယ်လို့"
![](https://img.wattpad.com/cover/311157717-288-k40280.jpg)
ESTÁS LEYENDO
Let me Cherish you, My Lord (ZSWW) [complete]
FanficPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...