43. ကြိုးနီလေး

660 79 8
                                    

Unicode ver.....

43. ကြိုးနီလေး

ပန်းရိုင်းခင်းဘေးက မြက်ခင်းစိမ်းပေါ်မှာ ပက်လက်ကလေး လှဲလျောင်းနေတဲ့ လူတစ်ယောက်ဟာ မျက်လုံးလေးတွေပါ အသာမှိတ်ထားလေရဲ့။ ထိုသူဟာ အိပ်ပျော်နေသလော နိုးနေသလော။

ပတ်ဝန်းကျင် က အေးချမ်းတည်ငြိမ်သလို လူတစ်ယောက်ရဲ့ အိမ်မက်ထဲမှာလည်း ချစ်သူဖြစ်ဟန်ရတဲ့ ကောင်လေးနှစ်ယောက်ဟာ ပန်းရိုင်းပင်လယ်ထဲမှာ အပူအပင်ကင်းစွာ ရယ်ရယ်မောမောနဲ့ ပြေးလွှားဆော့ကစားနေသည်တဲ့။

"ဟား ဟား ရှောင်း ကလိ မထိုးနဲ့~~~"

"မရတော့ဘူး ဒီအဆိုးအဆာလေးကို အပြစ်ပေးမှာရတော့မယ် လာထား ရား~~~~"

"ဟား ဟား ဟား အူနာနေပြီလို့ ရှောင်း~~~"

ချစ်သူလေးရဲ့ ခါးသိမ်သိမ်ကို သိမ်းကျုံးဖက်တွယ်လို့ ကလိပါ ထိုးတဲ့ ရှောင်းကို ဝမ်ကလေးက အသာရုန်းကန်လို့ ရယ်မောနေသည်။

"အင့် ရှောင်းနော်"

"သခင်ကဗျာ ကျွန်တော် အူယားလွန်းလို့ ရူးတော့မှာပဲ"

​ပန်းခင်းထဲ လုံးထွေးသွားတဲ့ ချိန်မှာတော့ ဝမ်ကလေးက ရှောင်းရဲ့ ရင်ခွင်မှာ အင့်ခနဲ။
ရှောင်းကတော့ အသည်းတယားယားနဲ့ သူ့သခင်ရဲ့ ပါးဖောင်းလေးကို ဖိ၍ ဖိ၍ နမ်းရှိုက်နေလေသည်။

"ခိခိ ရှောင်း! ရှောင်းလို့~~~"

"အင့်ဟင့်!"

အိမ်မက်ကလေး ဆုံးမသွားပေမဲ့ နိုးသွားပြီဖြစ်တဲ့ လူတစ်ယောက်အဖို့ ဆက်မတွေ့ ဆက်မသိနိုင်တော့သည့် အရာတစ်ခုဖြစ်သွားရလေသည်။

သခင်က ကျွန်တော် နိုးမထချင်တော့တဲ့ အိမ်မက်ကလေးဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် နိုးသွားခဲ့ရတယ် သခင်မှ အနားမရှိတော့ပဲ။

ခါးသက်ပေမဲ့ အမှန်တရား။ အမှန်တရားက ခါးသက်လွန်းတော့ မျက်ရည်စက်တွေ မြေခရပါတယ်။

ရှောင်းရဲ့ မျက်ရည်ကြည်စက်ကလေးက မှိတ်ထားတဲ့ မျက်ခမ်းစပ်ကို ဖြတ်လို့ လိမ့်ဆင်းသွားလေပြီ ဖြစ်သည်။

~~~~~

လေတဟူးဟူးတိုက်နေတဲ့ ချောက်ကမ်းပါးတစ်ခုမှာ ရွှေရောင်နဂါးကနုတ်ပါတဲ့ အနက်ရောင်ဝတ်စုံကို ဆင်မြန်းလို့ လေတိုက်ခတိရာဘက် မျက်နှာမူနေတာမို့ ရှောင်းရဲ့ မျက်လုံးလှလှလေးမှာ အဖြူသားတွေ​ေပျောက်လို့ အရောင်ဟာ နီရဲရဲ။

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now