41.ကျွန်တော်ရဲ့ ရှောင်းက သိပ်လိမ္မာတာပဲ

820 84 5
                                    

Unicode ver....

41. ကျွန်တော့်ရဲ့ ရှောင်းက သိပ်လိမ္မာတာပဲ

မျက်တစ်မှိတ်စာ လျှပ်တစ်ပြက်မှာတင် ဖြစ်သွားတဲ့ ထိုအရာဟာ စကြာဝဠာတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်ထိ စွမ်းဆောင်နိုင်ခဲ့လေသည်။

တရားရေးနတ်မင်းလို့ လူသိများတဲ့ ဖြူစင်ခြင်းပြယုဂ်ဟာ သူ့ရဲ့ မြင့်မြတ်တဲ့ စွမ်းအားတွေနဲ့ နတ်မင်းသုံးပါးရဲ့ စွမ်းအင်လိှုင်းကို ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။

"သားတော်!"

"ကျွန်တော် တောင်းပန်ပါတယ် တောင်းပန်တာမို့ သူ့ကို မထိပါနဲ့"

ဖျက်ဆီးခြင်း စက်ကွင်းထဲ ပိတ်မိနေသူဟာ အသိမကပ်တော့ပေမဲ့ အပြင်ဘက်က လူကတော့ ရင်တွေကွဲကြေတော့မတတ် ငိုယိုလို့ သူ့ချစ်သူကို မထိဖို့ နတ်မင်းတိုင်းကို တားဆီးနေခဲ့လေသည်။

"ရူးသွားပြီလား အားဝမ် သူက အသိစိတ်မရှိတော့ဘူး"

"ရှိတယ် ရှိသေးတယ်။ ကျေးဇူးပြုပြီး~~~~"

သွေးရူးတန်းရူးနဲ့ တရားရေးနတ်မင်းလေးဟာ အချစ်ဆိုတဲ့ ဒြပ်မဲ့ကြောင့် ငိုကြွေးနေခဲ့ရပြီ ဖြစ်သည်။

"ရှောင်း! စိတ်ထိန်းနော် ရှောင်း! ကျွန်တော့် ရှောင်းက သိပ်လိမ္မာတာကို ရှောင်း!"

ရိပေါ်က ဖျက်ဆီးခြင်းစက်ကွင်းထဲ ပြေးဝင်ဖို့ လုပ်တာနဲ့ အဖျက်စွမ်းအင်က သူ့ကို တိုက်ခိုက်လာတာနဲ့ သဏ္ဍာန်ဆန်းလက်စွပ်က ဝမ့်ရဲ့ လက်ချောင်းသွယ်သွယ်လေးမှာ ပြန်ပေါ်လာပြီး ဝမ့်ကို ကာကွယ်ထားလိုက်လေသည်။

ထိုဖြစ်ရပ်ကြောင့် အားလုံးကလည်း ရုတ်ချည်း ငြိမ်သက်သွားကြသလို ဝမ်ကိုယ္တိုင်ကလည်း လက်စွပ်ကို ကြည့်လိုက် ရှောင်းကို ကြည့်လိုက်နဲ့သာ မျက်ရည်ကျနေမိတော့သည်။

ရှောင်းရဲ့ မျက်နှာကို ငေးရင်းနဲ့မှ ဝမ့်ရင်ထဲ ဖြစ်ပေါ်လာတဲ့ ခံစားချက်က ရှောင်းကိုယ္တိုင်က "မင်းကို ထိခိုက်မဲ့သူဟာ ကိုယ္ဖြစ်နေရင်တောင် ကိုယ်ခွင့််မပြုနိုင်ဘူး"ဆိုပြီး ပြောနေသလိုကို ခံစားနေရလေသည်။

Let me Cherish you, My Lord  (ZSWW) [complete]Tempat cerita menjadi hidup. Temukan sekarang