6. ချင်းဟိုင်မြို့က လက်လုပ်ခေါက်ဆွဲ

1.3K 143 8
                                    

Unicode ver....

6.ချင်းဟိုင်မြို့က လက်လုပ်ခေါက်ဆွဲ

ချင်းဟိုင်မြို့ရဲ့ မနက်ခင်းဘက် အလှအပတွေကြား ပျားပန်းခတ် သွားလာနေတဲ့ လူတွေကြားမှာ တိုးဝင်နေတဲ့ လူသားငယ် နှစ်ဦး။

တစ်ဦးက အဖြူရောင်ဝတ်ရုံလေးနဲ့ သန့်ပြန့်သန့်ရှင်းနေပြီး ရုပ်သွင်က ငြိမ်ငြိမ်သက်သက်။ သူနဲ့ ခြားနားစွာ သူ့နောက်ကနေ ခေါက်ပေါက်နေတဲ့ အနီအနက်စပ်ဝတ်ရုံနဲ့ လူငယ်လေးကတော့ အရပ်ကောင်းကောင်းနဲ့ အဖြူလုံးလေးနောက်ကို အားရပါးရလိုက်နေလေသည်။

"သခင်  ကြည့်ပါအုံး ဟိုမီးပုံးလေး လှတယ်"

"သခင် လူတွေများတယ်နော်"

"သခင် ဟိုဖျော်ဖြေရေးလေး မဆိုးဘူး"

"သခင်~~~~"

"သခင်~~~~"

သခင်ချင်းထပ်နေအောင် သူ့ကိုခေါ်ပြီး ဟိုပြောလိုက် ဟိုဟာပြလိုက် ဒီဟာညွန်လိုက် လုပ်နေတဲ့ ရှောင်းကြောင့် ဝမ် မသိမသာ ပြုံးနေမိလေသည်။

နှစ်ပေါင်းသောင်းကျော်သက်တမ်းရှိတဲ့ ဒီတန်ခိုးရှင် လူငယ်လေးတစ်ယောက်လို ဖြူစင်လွန်းတယ်လို့ ဝမ်က တွေးနေမိလေသည်။

တည်းခိုခန်းကနေ ပွဲတော်ထဲထိ တဂျီဂျီနဲ့ ဟိုပြောလိုက် ဒီပြောလိုက် ဖြစ်နေတဲ့ ရှောင်းရဲ့ အသံလေး မကြားရတော့ ဝမ် သွားနေရင်းကနေ ရှောင်းကို လှည့်ကြည့်တော့ ဘာကြောင့် ထိုလူကြီး ငြိမ်သက်သွားမှန်းကို သိရပါတော့သည္။

တကယ့္တကယ္ ငြိမ်သွားတဲ့ တန်ခိုးရှင်ဟာ တကယ္တော့ တစ်နေရာရာမှာ ရပ်နေတာကြောင့် ဖြစ္သည်။ ဗိုက်ကလေးကို ပွတ်ပြီး အထဲက ခေါက်ဆွဲစားနေတဲ့ လူတွေကို ငေးရင်း တံတွေးလေးပါ မြိုချနေတဲ့ ရှောင်းဟာ စားချင်တာကို မေမေက မဝယ်ကျွေးတာကြောင့် ငေးနေရှာတဲ့ ခလေးငယ်ရဲ့ ပုံစံနဲ့ တူနေလေသည်။

ဘာလို့ ဒီလေါက်တောင် ချစ်ဖို့ကောင်းနေရတာလဲ ရှောင်းရဲ့။

ရှောင်းကျန့် ဗိုက်ဆာနေပြီ ဖြစ်ပေမဲ့  ပွဲတော်ထဲ လျှောက်လည်ရင်း ပျော်နေတဲ့ သခင်ကြောင့် သူ့မှာ မပြောရဲ။ သခင်ပျော္နေသည်ကိုသာ တမေ့တမော ငေးချင်နေမိလေသည္။ ဒါပေမဲ့ ထိုစိတ်အစဥ်ဟာ ခေါက်ဆွဲဆိုင်တစ်နေရာအရောက်မှာတော့
ပျောက်ကွယ်သွားရလေသည်။

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now