44. ကျွန်တော် လိုချင်တယ်

974 81 17
                                    

Unicode ver....

44. ကျွန်တော် လိုချင်တယ်

ချစ်သူလေးရဲ့ စကားကြောင့် ယင်းရှန့် အချိန်ကြာသည်ထိ ငြိမ်သက်နေမိလေသည်။

သားဖြစ်သူနဲ့ သားရဲ့ ချစ်သူက ဘယ္လောက် ချစ်ကြမှန်း သိပေမဲ့ ယင်းရှန့် အနေနဲ့ အတ္တကြီးခဲ့မိပါသည်။

မြူမှုန်အဖြစ် ပြောင်းလဲသွားပေမဲ့ ဝမ်ရိပေါ်ဆိုတဲ့ သူတို့ရဲ့ သွေးသားဟာ သာမာန်မဟုတ်လေရာ အသက်ပြန်သွင်းဖို့ဆိုတာ မလွယ်ကူပေမဲ့ ခက်ခဲ မနေခဲ့ပေ။

သူ့ရဲ့ ရိုးရှင်းတဲ့ ဆန္ဒသည်ကား ချစ်ရသူနဲ့ သူ့သားလေးရယ် သူရယ် အတူတူစား အတူတူသွား အတူတူနေထိုင်နိုင်ဖို့ ပင်ဖြစ်သည်။

ဒါကြောင့် သူအတ္တကြီးစွာနဲ့ပဲ သားငယ်လေး အသက်ရှင်နိုင်တာကို ဖုန်းကွယ်လို့ သားလေးကို အထွတ်အထိပ်နယ်မြေမှာ ပြန်ခေါ်ထားလိုက်လေသည္။

ထို့အပြင် သားငယ္လေးရဲ့ ပုံအစံကို ကွယ်ဝှက်ထားရုံတင်မက နတ်တစ်ပါးရဲ့ ပုံမှန်ကြီးထွားမှုနှုန်းကိုပါ ဟန့်တားပစ်လိုက်လေသည်။

ဒါမှသာ သားငယ်လေးဟာ သူတို့အရိပ်အောက်မှာ ရှိနေနိုင်မယ် မဟုတ်ပေလား။
ဒါပေမဲ့ ရက်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ ချစ်သူကို တတတ်လာတဲ့ သားလေးကြောင့် သူတို့ကိုယ်တိုင်ကလည်း မပျော်ရွှင်နိုင်တော့ပေ။

တကယ်ပဲ သားငယ်လေးကို သူတို့ လက်လွှတ်လိုက်ရတော့မလား။

~~~~~

"ခင်များ ပြန်လာမယ်ဆို ခုထိ ပြန်မလာနိုင်သေးဘူးလား။ ကျွန်တော် လွမ်းလှပြီ မကောင်းဆိုးဝါးကြီးရဲ့"

မဟူရာရောင် ကျောက်ဆွဲကြိုးလေးကို ခပ်ဖွဖွလေး ပွတ်သပ်လို့ မျက်နှာကလေး စူပုတ်ပုတ်နဲ့ ထိုသို့ ရေရွတ်နေတဲ့ ယန်ချဲ့ရှင်ကို အဝေးကနေ ကြည့်ပြီး ကျိဝေ မျက်ရည်ဝဲနေမိလေသည်။

ကိုယ်မင်းဆီ ဘေးကင်းစွာ ပြန်လာနိုင်ခဲ့ပေမဲ့ ကိုယ်မင်းဆီ ဘယ်လို အင်အားနဲ့ လာရမှာလဲကွာ။ မင်းသိပ်ချစ်ရတဲ့ ညီငယ်လေး ရှဲ့ယွင် သူမရှိတော့ဘူး။ မင်းကိုယ့္ကို ခွင့်လွှတ်ပေး နိုင်ပါ့မလား။

Let me Cherish you, My Lord  (ZSWW) [complete]Where stories live. Discover now