28. သူက ငါ့အပိုင်ပဲ

940 110 14
                                    

Unicode ver.....

28.သူက ငါ့အပိုင်ပဲ

"အကောင်းဆုံးက သူ့ဘဝကို လိုက်မနှောက်ယှက်တာ အကောင်းဆုံးပဲ"

"မင်း ဘာကို ဆိုလိုချင်တာလဲ"

ရှောင်း ငိုယိုနေတုန်း သူ့ရှေ့ရောက်လာပြီး စကားစလာတဲ့ ကောင်းကင်မင်းကြီးကြောင့် သူ နားမလည်သလို မေးခွန်းထုတ်ရလေသည်။

"တရားရေးနတ်မင်း ဝမ်ရိပေါ် ~~~သူက ငါ့သားအစစ်မဟုတ်ဘူး။ သူက အထွတ်အထိပ်နတ်မင်းတို့ ဖြူစင်ခြင်းပြယုဂ်အဖြစ် ကောင်းချီးပေးထားတဲ့ နတ်မင်းတစ်ပါးပါပဲ။ သူ့ရဲ့ မူလ အဇစ်အမြစ္က ချစ်ခြင်းမေတ္တာဓာတ်လုံးကနေ လာခဲ့တာ"

"ဘယ်လို~~~~"

ကောင်းကင်မင်းကြီးစကားကို ရှောင်းတကယ္ နားမလည်တာမို့ မေးကြည့်ရခြင်း ဖြစ်သည်။

"တကယ်တော့လေ~~~~"

နောက်ကြောင်းပြန်ခြင်း~~~

"ယွင်အာ ~~~~"

"ကိုကို ကျွန်တော် အဲ့ခလေးကို သနားတယ်။ သူက ဘာမှ မသိပဲ ကြားကနေ မြေစာပင် ဖြစ်နေရပြီ။"

"သူကောင်းကင်ဘုံကို ဖျက်ဆီးခဲ့တာလည်း အမှန်တရားပဲကို သူဒုက္ခခံသင့်သလောက် ခံပြီးရင် သူ့အတွက် ပျော်ရွှင်မှုလေး အပ်နင်းရတာပေါ့"

"အင်း"

"ယင်းရှန့် လန်ယွင္"

"ရှောင်ရှန်း"×2

အထွတ် အထိပ် နယ်မြေရဲ့ ဆိတ်ငြိမ်ခြင်း မြွကမ်းဘေးမှာ စကားစမြည်ပြောနေတဲ့ ယင်းရှန့်နဲ့ လန်ယွင်နား ချောင်ရှန်း ရောက်လာခြင်းဖြစ်သည္။

ဤအထွတ်အထိပ်နတ်မင်းသုံးပါးက စကြာဝဠာကြီးရဲ့ အုပ်ထိန်းသူလို့လဲ ကြားသိရလေသည္။ ဒါကြောင့်မို့ နှစ်သောင်းချီကြာမှ ကြုံလာရတတ်တဲ့ အဓမ္မ စွမ်းအင္မှ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ ဖြိုဖျက်ခြင်းပြယုဂ်ကို နတ်မင်းသုံးပါးက တစ်လှည့်စီ ထိန်းချုပ်ရလေသည်။ တစ်ခါထိန်းချုပ်ဖို့အတွက် မတူညီတဲ့ စွမ်းအင်တွေ လေ့ကျင့်ရသလို ထိုဖြိုဖျက်ခြင်းပြယုဂ်ကို ဖျက်ဆီးဖို့ သူတို့ရဲ့ ဝိဉာဥ်ကို စတေးရတာတွေလည်း ရှိခဲ့သည်။

Let me Cherish you, My Lord  (ZSWW) [complete]Hikayelerin yaşadığı yer. Şimdi keşfedin