Unicode ver...
10.ကျွန်တော့်ရင်ခွင်က သခင့်အပိုင်ပါ
"သခင် မဖြစ်ဘူးနော် ကျွန်တော့်ကို ဒီတိုင်း ထားသွားလို့ မဖြစ်ဘူးနော် သခင်~~~ကျွန်တော်ခေါ်နေတာ သခင်ကြားလား~~~~သခင် မနိုးလာရင် ~~~~ ကျွန် ~~~~ ကျွန်တော် ~~~~ သုံးလောကကို ဖျက်ဆီးပစ်လိုက်မှာနော်~~~~ သခင်! သခင်!!"
ရှောင်းဘယ်လိုပဲ လှုပ်နှိုးနေပါစေ တုတ်တုတ်မျှ လှုပ်မလာသလို ဘာမှလည်း တုံ့ပြန်မှု ပေးမလာတဲ့အပြင် မျက်တစ်ခတ်စာလေးတောင် ခတ်ပြမလာတဲ့ ဝမ်ကြောင့် ရှောင်းက သူ့ရဲ့ ကမ္ဘာတစ်ခုလုံး ပျက်စီးသွားသလိုကို ခံစားလိုက်ရလေသည်။
"သခင်လို့~~~~အား!!!"
ရှောင်းရဲ့ လည်ချောင်းကွဲမတတ်အော်သံနဲ့ တပြိုင်နက် ကောင်းကင်ထက်မှာလည်း ကြောက်စရာကောင်းစွာ လျှပ်စီးလျှပ်ပြီး မိုးကြိုးတွေ ပစ်ချနေလေသည်။
မိုးကြိုးဒဏ် သုံးချက်အပြီးမှာ သွေေးတွေ အန်ပွက်လို့ လှဲကျသွားတဲ့ ကောင်းကင်မင်းကြီးက မာန်မလျော့စွာပဲ ထရပ်ဖို့ ကြိုးစားနေလေသည်။ သူဘယ်လိုပဲ ကြိုးစားနေပါစေ သူကိုယ္တိုင်က ကောင်းကင်မင်းကြီးပဲ ဖြစ်နေပါစေ သူခံရတာက အထွတ်အထိပ်နတ်ဘုရားရဲ့ မိုးကြိုးဒဏ်ဖြစ်တာမို့ သူအထိနာသွားတာကြောင့် သူထမလာနိုင်ခဲ့ပေ။
ဘယ်သူကမှန်လို့ ဘယ်သူက မှားသလဲ မသေချာပေမဲ့ ဒီဇာတ်ကြောင်းက အစကတည်းက မှားယွင်းနေခဲ့ဟန်ရပါသည်။
~
~
~"သခင်လို့~~~"
ခန္ဓာနုငယ်လေးကို ရင်ခွင်ထဲ ခပ်တင်းတင်း ထွေးဖက်လို့ အသည်းအသန်ငိုကြွေးနေတဲ့ ရှောင်းဟာ ဝမ့်ကို ချော့ဟန်တစ်လှည့် ခြောက်၍တဖုံ စကားတွေ တတွတ်တွတ်ဆိုနေမိတော့သည်။
တစ်ဖက်မှာလည်း ဆက်လက်မလုပ်ဆောင်နိုင်တော့တဲ့ ကောင်းကင်မင်းကြီးက နေရာမှာတင် မေ့မျောသွားလေတော့သည်။
ကောင်းကင်မင်းကြီးရဲ့ လုပ်ကြံစက်ကွင်းထဲကနေ လွှတ်မြောက်ပြီဆိုတာနဲ့ ဝမ်ငယ်လေးက လေတွေကို ပြန်လည် ရှူသွင်းရှူထုတ်လာနိုင်လေသည်။
![](https://img.wattpad.com/cover/311157717-288-k40280.jpg)
YOU ARE READING
Let me Cherish you, My Lord (ZSWW) [complete]
FanfictionPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...