Unicode ver....
16. ကျွန်တော့်ရဲ့ အချစ်တွေနဲ့ ယုယခွင့်ပြုပါနော် သခင်
သုံးလောက ကို အပိုင်စားရလိုက်သလို ပျော်ရွှင်ရိပ်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ ရှောင်းဟာ နန်းရင်ပြင်တက်လှမ်းဆီကနေ သူ့ဆီကို အိန္ဒြေလေအပြည့်္နဲ့ လှမ်းဝင်လာတဲ့ လူသားလေးကို ငေးမောနေလေသည်။
သူနဲ့ တူညီစွာပဲ ပုဝါပါးအောက်က သတို့သားလေးရဲ့ မျက်နှာဟာလည်း အပြုံးပန်းတို့ ေဝဝေဆာဆာ ပွင့်နေလေတော့သည်။
သူ့ရင်ခုန်သံနဲ့ ကိုယ့်ရင်ခုန်သံတို့ ထပ်တူကျတဲ့ခါ ကမ္ဘာမှာ မကျေနပ်စရာ ဘာများ ကျန်သေးအုံးမလဲလေ။
ဝမ်က သူ့ဘေးနားရောက်တဲ့အခါ ရှောင်းကလည်း လက်လေးကမ်းပေးတော့ သူ့လက်ထဲ ရောက်လာတဲ့ လက်နုနုလေးကြောင့် ရှောင်းမှာ ဘယ်လောက်ဝမ်းသာပျော်ရွှင်နေကြောင်းကို သူ့ရဲ့ မျက်ဝန်းကြည်တောက်တောက်လေးတွေနဲ့ ဖော်ပြနေလေသည်။
အစဥ်အလာအရ ထိမ်းမြားလက်ထပ်ခြင်းအမှုပြီးစီးတော့ သူတို့ မိဘလို အဖိုးအဖွားလို သဘောထားရတဲ့ လူတွေက သူတို့နှစ်ဦးရဲ့ လက်လေးကို ယူထပ်လို့ ဖူးစာကြိုးနီလေးနဲ့ ပူးချည်ပေးလိုက်လေသည်။
တစ်ယောက်က လာချည်ပြီဆို
"အိုအောင် မင်းအောင် ပေါင်းသင်းရပါစေ"
"ဘဝ အဆက်ဆက် လက်တွဲနိုင်ကြပါစေ"
"သံသရာအဆက်ဆက် ချစ်မြတ်နိုး နိုင်ကြပါစေ"
"~~~"
စသဖြင့်သော ဆုတောင်းစကားတွေကြောင့် ရှောင်းနဲ့ဝမ်ကတော့ ပြုံးသာ ပြုံးနေရတော့သည်။ပျော်ရွှင်ကြည်နူးခြင်းတွေဟာ သူတို့နှစ်ဦးမှာပဲ စုပြုံနေသလို။ အေးချမ်းခြင်းတွေဟာ သူတို့ဆီပဲ ကြိမ်းအောင်းနေသလို။ ကြည့်သမျှ အရာရာဟာ လှပနေပြီး။ ကြားသမျှစကားချိုသာလို့ မြင်သမျှမြင်ကွင်းလှနေတဲ့ ခံစားချက်ဟာ သူတို့တစ်ယောက်ကို တစ်ယောက် ပိုင်ဆိုင်ရပြီ ဆိုတဲ့ အသိတရား ရကတည်းကပင် ဖြစ်သည်။
အခမ်းအနားပြီးစီးတော့ ရှောင်းဟာ သူ့ရဲ့ သတို့သား အသစ်စက်စက်ကလေးကို လက်တစ်ဖက်နဲ့ ပွေ့ချီပြီး ပျံသန်းလို့ သူတို့နှစ်ဦးရဲ့ သီးသန့် နန်းတော်လေး အထူးသဖြင့် ဝမ်ကလေးအတွက် ရှောင်းကိုယ္တိုင် စနစ်တကျနဲ့ တယုတယ ပြင်ဆင်ထားတဲ့ မက်မွန်တောထဲက ဝမ်သခင်နန်းဆောင်ဆီ ထွက်ခွါသွားကြလေတော့သည်။
YOU ARE READING
Let me Cherish you, My Lord (ZSWW) [complete]
FanfictionPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...