Unicode ver....
17.ရှောင်းပြောတဲ့ ပုံပြင်
"တော်ပြီရှောင်း~~~"
"မဟုတ်သေးဘူးလေဗျာ နောက်ထပ်နည်းနည်း ထပ်သောက်ပါနော်"
သိပ်နေမကောင်းချင် ဖြစ်နေတဲ့ ဝမ်ကြောင့် ရှောင်းက ကိုယ်တိုင်ကိုယ်ကျ ဆန်ပြုတ်ခွံ့လာပေမဲ့ ဘာစားစား သိပ်ခံတွင်းမတွေ့တဲ့ ဝမ်က လေး ငါး ဇွန်းသောက်ပြီး ငြင်းဆိုလာတာကြောင့် ရှောင်းက ချော့မြူနေရခြင်း ပင် ဖြစ်သည်။
မျက်နှာလေး နွမ်းနေတဲ့ မြတ်နိုးရသူလေးကြောင့် ရှောင်းမှာ မျောက်မီးခဲကိုင်ထားသလိုကို ဘယ်အရာမှ အဆင်မပြေတော့ပေ။
"သခင် နတ်သမားတော်ဆီ ကုကြည့်ရအောင်လေနော်။ ကျွန်တော်ကုပေးပါရက်နဲ့ သခင်က သက်သာလာမဲ့ အစားပိုပြီး
နေမကောင်းဖြစ်လာသလိုပဲ။""တော်ပါပြီရှောင်းရယ် ကျွန်တော်က ခဏလေးပဲ နေမကောင်းဖြစ်မှာပါ ပြီးရင် ပျောက်သွားမှာရယ်"
နတ်သမားတော်ကို ခေါ်ချင်နေတဲ့ ရှောင်းကို ဝမ့်မှာ မနည်းတားနေရလေသည်။ ရှောင်းက စိတ်ပူလွန်နေတာရယ် သူဖြင့် သူများကိုလည်း အားနာလှပြီရယ်။
"မဟုတ်သေးပါဘူး သခင်ရယ် ဒါက~~~"
"ဒီလိုလေးနားလိုက်ရင် ပျောက်သွားမှာပါနော်။ စိတ်မချသေးရင် ရှောင်းပဲ ဆက်ကုပေးတော့"
သူစကားပင်မဆုံးလိုက် သူ့ရင်ခွင်ထဲတိုးဝင်ပြီး မျက်နှာနွမ်းနွမ်းလေးနဲ့ သူ့ကို ချွဲဟန် ဆိုနေတဲ့ ဝမ်ကြောင့် ရှောင်းမှာ စကားပင် ဆုံးအောင် မပြောနိုင်ပဲ သက်ပြင်းကိုသာ အခါခါချနေရတော့သည်။
စိတ်ကလည်းပူ အလိုကလည်းလိုက်ချင်နဲ့ သူ့မှာ ပြာယာတွေ ခတ်သွားရလေသည်။
"သခင်က မဆိုးတတ်ပဲ မဆိုးပါနဲ့လားဗျာ"
"ရှောင်းကလည်း"
"သခင်ကဗျာ ဒါဆိုလည်း မြန်မြန်နေကောင်းအောင် လုပ်ပါ့မယ္လို့ ကတိပေးဗျာ"
မကျေမချမ်း ရေရွတ်လို့ စူပုတ်ပုတ်လေးနဲ့ သူ့ကို ကတိတောင်းလာတဲ့ ရှောင်းကြောင့် ဝမ်ခင်မျာ တခိခိရယ်လို့ လက်ချင်းချိတ်ပေးလိုက်လေသည်။
![](https://img.wattpad.com/cover/311157717-288-k40280.jpg)
YOU ARE READING
Let me Cherish you, My Lord (ZSWW) [complete]
FanfictionPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...