Unicode ver....
စတင်တွေ့ဆုံခြင္း"ဟိုးနှစ်ပေါင်း တစ်သောင်းလောက်က
တန်ခိုးရှင်ကြီး က သူ့ဘာသူ တန်ခိုးရှင္ဆိုပြီး ကောင်းကင္နန်းတော်မှာ ခစားနေရတာတောင် မာန်တက်ပြီး အိမ်ရှင်ကို ကလန်ကဆန်လုပ်တာကြောင့် အထွတ်အထိပ် နတ်ဘုရားတို့က သူ့ကို နှလုံးသွေးကျောက်ထဲမှာ ပိတ်လှောင်ပြီး သူ့ကို တောင်တစ်ခုအောက်မှာ ထည့်မြုပ်ထားသည်တဲ့။ အဲ့ဒီတေါင်က အခု လူသိများနေတဲ့ နှလုံးသွေးကျောက်တောင်မှာ တည်ရှိနေတယ်လို့ ပြောစမှတ်တော့ ရှိကြပါတယ္။ ဒါပေမဲ့ ရွာသူရွာသားတွေကတော့ ထိုနေရာကို ဘယ်သူမှ မသွားရဲ ခဲ့ကြပါဘူးဗျာ။ တစ်ချို့ကလည်း တန်ခိုးရှင်က သေပြီလို့လည်း ပြောသလို တစ်ချို့ကလည်း ခုထိ ရှင်သန်နေတယ်လို့ ပြောနေကြတယ်ဗျ။ ပြီးတော့ ထိုတောထဲ တောထဲက သစ်သီးတွေ သွားရှာရင်း ပြန်မလာတော့တာကြောင့် အချို့ကလည်း တန်ခိုးရှင်က ဖမ်းစားတယ်ဆိုပြီး မသွားရဲတော့တာလည်း ပါတယ်ဗျ"စားပွဲထိုးကောင္လေးရဲ့ ပုံပြောကောင်းမှုကြောင့္ ဆိုင်ထဲမှာ လူက သူ့ကိုသာ ဝိုင်းပြီး အာရုံ စိုက်နေလိုက်လေသည်။
ထိုချိန်ထဲမှာတင် ထိုလူအုပ်တွေကြားမှာ အစိမ်းရောင်နုနုလေးဝတ်ထားတဲ့ လူငယ္လေးတစ်ယောက်ကလည်း ထိုစားပွဲထိုးအပြောကို စိတ်ဝင်စားစွာ နားထောင်နေလေသည်။
သူစိတ်ဝင္စားနေတုန်း ပြီးဆုံးသွားတဲ့ ပုံပြင္လိုလို သမိုင်းလိုလို အကြောင္းကြီးကြောင့္ ထိုလူလေးရဲ့ နှုတ်ခမ်းဖူးဖူးလေးက အနည်း
ငယ် စူချင်လာလေသည်။"သေသေချာချာ သိတာလည်း ဟုတ်ပဲနဲ့"
"ကျွန်တော်လည်း လူကြီးတွေ
ပြောပြလို့ သိရတာပါဗျာ ဒါပေမဲ့ သေချာတာတစ္ခုကတော့ အဲ့တောင်မှာ ရှားပါးဆေးမြစ်တွေ အများကြီး ရှိနေတယ်လို့ ကြားထားပါတယ်။ သွားလာရဲသူ မရှိတာကြောင့် သားရဲတွေလည်း ပေါနေခဲ့တယ်လို့လည်း ကြားဖူးထားပါတယ် ခင်မျာ""~~~~"
ထိုစားပွဲထိုး စကားကြောင့် လူငယ္လေးက အသိအမှတ် ပြုဟန်နဲ့ ခေါင္းလေးတစ်ညိတ်ညိတ်နဲ့ ငွေသားအချို့ကို စားပွဲပေါ်ချပေးပြီး ထိုနေရာကနေ ထွက်လာလိုက်လေသည်။ သူ့ကျောပေါ်မှာတော့ ဆေးပလိုင်းလေးက မပါမဖြစ္ ချိတ်ဆွဲသွားလေတော့သည္။
![](https://img.wattpad.com/cover/311157717-288-k40280.jpg)
YOU ARE READING
Let me Cherish you, My Lord (ZSWW) [complete]
FanfictionPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...