Unicode ver....
35.စိတ်ချပါ ရှောင်းရဲ့
ပြိုင်ပွဲစမဲ့နေ့မို့ ဂိုဏ်းအသီးသီးက လူတွေက လုံထန်ရဲ့ ကွင်းပြင်အလယ္မှာ ရောက်နေကြပြီ ဖြစ္သည္။ ရှောင်းနဲ့ ဝမ်ကလည်း ယန်အဖွဲ့ထဲ ရောက်နေတာကြောင့် သူ့တို့က ယင်အဖွဲ့နဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပြီး ကျိဝေတို့အဖွဲ့ ကတော့ သူတို့ကပ်ရက်မှာ နေရာယူထားကြလေသည်။
ဂိုဏ်းအသီးသီးက လူတွေလည်း ရောက်လာကြပြီမို့ အားလုံးက ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။
"ကျွန်တော်တို့ လုံထန်ကနေ နှစ်စဥ်နှစ်တိုင်း ကျင်းပတဲ့ ဂိုဏ်းအားလုံး ပြိုင်ပွဲကို ကြွရောက်လာကြသော ဂိုဏ်းခေါင်းဆောင်များနဲ့ ဂိုဏ်းသားအားလုံး မင်္ဂလာပါ ခင်မျ။ ပြိုင်ပွဲမစခင် ကျွန်တော် စည်းကမ်းတွေ အရင်ဆုံး ပြောပြပါစေ။
1. ဂိုဏ်းသားအချင်းချင်း လေးစားမှု ရှိရမည်။
2. ပြိုင်ပွဲဝင်အချင်းချင်း မဓမ္မာမှုတွေ မပြုရဘူး။
3. နည်းလမ်းကျကျပြိုင်ဆိုင်ရမည္။
4. မှော်ပညာ အသုံးမပြုရဘူး။ အသုံးပြုပါက ပြိုင်ပွဲကနေ ချက်ချင်းထုတ်ပယ်မည်။
5.~~~~~
စည်းကမ်းချက်မြောက်မြားစွာကို ရေရွတ်မှုအဆုံး အစီအစဥ်တင်ဆက်သူက~~~~
"အခု ပထမဆုံးအနေနဲ့ ဂိုဏ်းသားအားလုံးရဲ့ မှတ်ဉာဏ်စွမ်းအားကို ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။ အခု ဂိုဏ်းသားတို့ရှေ့မှာ ဖော်ပြထားတဲ့ စာက ဘယ်တုန်းကမှ ဘယ္နေရာကမှ ထုတ်ဖော်မထားတဲ့ စာပေတွေ ဖြစ်ပါတယ်။ ဖတ်ရှူ့ဖို့ အမွှေးတိုင် တစ်တိုင်စာ အချိန်ရပါတယ် အချိန်စပါပြီ။"
အချိန်က နည်းနေတာမို့ မှော်ပညာနဲ့ ရေးထားတဲ့ မိုးထိတော့မတတ်ရှည်လားနေတဲ့ စာအမြောက်အမြားကို ဂိုဏ်းသားတွေက ဉာဏ်စွမ်းသမျှ လိုက်မှတ်နေကြလေသည်။
ရှောင်းတစ်ယောက်တော့ ဟန်ဆောင်ကောင်းစွာ သူ့ရှေ့မှာတင် စာကို အသည်းအသန် လိုက်ကြည့္နေတဲ့ ချစ်သည္းလေးကို အသည်းတယားယားနဲ့ အပြည့်အဝ ငေးပြစ္လိုက်လေသည္။
YOU ARE READING
Let me Cherish you, My Lord (ZSWW) [complete]
FanfictionPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...