🍀 Chapter 2

14.3K 1.3K 29
                                    

☘️ Chapter 2

"သူ့ကိုသတ်ကြ သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ သူ့ကို သတ်"

"အဖေ့ကို မရိုက်ကြပါနဲ့ ရပ်လိုက်ကြပါတော့ ဖေဖေ့ကိုမရိုက်ရဘူးလို့"

" ဝူးဝူး ဖေဖေ.. "

" ဟား ...ဟား... "

ကျေးလက်တောရွာ မြက်ခင်းပြင်တစ်ခုမှာဆယ် ကျော်သက်လူတစ်စုသည် တုန်လှုပ်ချောက်ချားနေသည့် အမျိုးသားတစ်ယောက်အား လက်သီးနှင့်ထိုးနှက်ကန်ကျောက်နေခဲ့သည်။ ၎င်းတို့ဘေးတွင် သုံးလေးနှစ်ခန့်အရွယ်ရှိသော အသားရေဝါကြန့်ကြန့်အရောင်နှင့် လူဗမာရုပ်ပေါက်နေသည့် ကလေးနှစ်ယောက်သည် ထိုလူတစ်စုကိုရပ်တန့်ရန်ကြိုးစားနေကြခြင်းမှာ ဘီးနှစ်ထပ်ပါစစ်ရပ်ထားရှေ့ လမ်းတစ်၀က်ကဖြတ်တားနေသလိုပင်။ သို့သော် ထိုလူဆိုးတစ်စုသည် ကလေးနှစ်ယောက်အား မီတာဝက်အကွာသို့တွန်းထုတ်လိုက် ကာ သူတို့သည် ထိုလူအားအော်ဟစ်ကန်ကြောက်နေခဲ့ပြီး ၎င်းတို့၏ထိုးနှက်ကန်ချက်များအားလုံးသည် ထိုလူ၏သေးသွယ်ကာ ဖုန်အလိမ်းလိမ်းဖြစ်နေသည့် ခန္ဓာကိုယ်ပေါ်သို့ကျရောက်သွားခဲ့သည်။

"အား... "

ထိုလူတစ်စုရဲ့အော်သံတွေကြားထဲ သူ့ရဲ့နာကျင်ညည်းတွားသံမှာ နစ်မွန်းလုနီးပါးပါဖြစ်နေခဲ့သည်။ လင်းဂျင်ရွှမ်သည် သူ့မျက်လုံးများကိုမဖွင့်မီ ကြောက်မက်ဖွယ်ရာဝေဒနာများ သူ့တစ်ကိုယ်လုံးအနှံ့ပျံ့နှံ့သွားပြီး ပြိုလဲသွားသလိုခံစားလိုက်ရပြီး သူ့နှင့်မသက်ဆိုင်သောမှတ်ဉာဏ်များက သူ့ စိတ်ထဲအရူးအမူးဖောက်ထွင်းဝင်ရောက် လာသဖြင့် ခေါင်းပေါက်ကွဲလုမတတ်ဖြစ်နေခဲ့သည်။

"ငါ့ အမေက ဒီကောင်က မကောင်းဆိုးဝါးလို့ ပြောတယ် သူ့ကို သတ်ကြ"

"သူ့ကို သတ်"

" ဖေဖေက မကောင်းဆိုးဝါးမဟုတ်ဘူး ၊ ဒီကနေ ထွက်သွားကြ၊ ဖေဖေ့ကို မထိနဲ့ "

ကောင်လေးနှစ်ယောက်သည် ထိုလူများအားကုပ်ကပ်တွန်းလှဲပစ်ကြသည်။ ကလေးနှစ်ယောက်ထဲကတစ်ယောက်သည် အော်ဟစ်‌ပြောဆိုနေခဲ့သော် လည်း သူ၏သေးသေးသွယ်သွယ် ခန္ဓာကိုယ်‌ လေးဖြင့် အရူးကောင်များကိုမခုခံနိုင်ခဲ့ပေ။ သူတို့သည် ကလေးနှစ်ယောက်အ‌ပေါ် ပိုမိုကြမ်း ကြုတ်လာပြီးအနာတရဖြစ်လာစေသည်။ လူဆိုးတစ်စု၏ ထိုလူ အပေါ်သတ်ဖြတ်ချင်စိတ်အားပိုယားယံလာစေခဲ့သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now