🍀 Chapter 3

12K 1.2K 25
                                    

☘️ Chapter 3

"ဖေဖေ နိုးလာပြီလား"

လင်းဝူသည် ကုတင်ပေါ်မှောက်လျက်သားဖြင့် အခွံခွာထားသည့် ကြက်မောက်သီးကဲ့သို့တောက်ပနေသော မျက်လုံးရွဲကြီးများနှင့် လင်းဂျင်ရွှမ်အားစိုက်ကြည့်နေခဲ့သည်။ ထိုလူ၏ မျက် လုံးများသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး မည်သည့်တစ်ခွန်းမှပြောမလာဘဲ အရှက်မရှိငိုက် မျဉ်းနေခဲ့သည်။

"ဖေဖေ ထ ထ ထတော့ ၊ ၀မ် အဘွားကို ဖေဖေကအရူးမဟုတ်တော့ဘူးလို့ပြောနေတာ သားကြား လိုက်တယ်။ ဖေဖေက တိုင်၀မ့်အဖေလို ပိုက်ဆံတွေအများကြီးရှာနိုင်‌တော့မှာလားဟင် ?? ဖေဖေ စိတ်မပူနဲ့ သား ဖေဖေ့ကိုပိုက်ဆံကူရှာပေးမယ် သား အခု ဟင်းရွက်တွေခူးနိုင်၊ တူးနိုင်နေပါပြီသားနည်းနည်းကြီးလာရင် တိုင်‌၀မ်တို့ ဒါမှမဟုတ် တခြားသူတွေနဲ့ သား ငါးလိုက်ဖမ်းနိုင်ပါတယ်။ သားတို့အတွက်မဟုတ်ပါဘူး။ ဖေဖေ့ အတွက် အကြီးဆုံးနဲ့ အဆူဖြိုးဆုံးငါးကို သား ဖမ်း‌ပေးမယ်။ သား ခုထိ ငါး တစ်ခါမှမစားဘူးသေးပေမယ့်ပေါ့။"

ရှောင်ဝူသည် ဖခင်ဖြစ်သူ၏ ကုတင်နံဘေးမှာ စကားတွေတစ်တွတ်တွတ်နဲ့ပြောနေခဲ့ပြီး။ တစ်ခါတစ်‌လေ နှာတရှုံရှုံနှင့် ခက်ခက်ခဲခဲပြော‌ယူနေရသော်လည်း သူ့‌ဖေဖေအတွက် တောက်ပတဲ့အနာ ဂတ်ကိုပုံဖော်‌နေခြင်းအား မတားဆီးနိုင်ခဲ့ချေ။ လင်းဂျင်ရွှမ်သည် ကောင်လေး "ငါး" အကြောင်းပြောနေချိန် တံတွေးမြိုချသံကိုကြားလိုက်မိပုံရသည်။ မူလပိုင်ရှင်ရဲ့ခံစားချက် ဟုတ်၊ မဟုတ် (သို့) ကလေးလေး၏ပြောစကားကြောင့် ကူးစက်ခံရခြင်း ရှိ၊ မရှိ မသိသော်လည်း လင်းဂျင်ရွှမ်သည် သူ့မျက်လုံးများပင်ချဉ်လာပြီး နှလုံးအောင့်လာသလိုပင်ခံစားခဲ့ရသည်။ ငါးနှစ်တောင်မရှိသေးတဲ့ကလေးက အရမ်းစဉ်းစားတတ်နေပြီ။ ဒါပေမယ့် သူက ခုထိ တစ်ခါမှတောင် ငါးတောင်မစားဖူးသေးဘူးတဲ့လား ? ဒါ စိတ်မကောင်းစရာပဲ! 21 ရာစုတွင် ယခုလိုအဖြစ်မျိုးတွေးကြည့်လို့ပင်မရချေ။

"ရှောင်ဝူ..."

"ဖေဖေ နိုးပြီလား ? ထပြီး တစ်ခုခုစားလိုက်ဦး၊ အဖွားလုပ်‌ပေးခဲ့တဲ့ ဆန်မုန့်ကိုသားပြန်‌နွေးပြီးပြီ"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now