☘️ Chapter 4
☘️ Beating up the Shrew & Education The Two Buns (1)ပန်းကန်လုံးထဲက အနှစ်ခဲများအား ရေဖြင့်ရောကာကျဲသွားစေလိုက်ရသည်။ လင်းဂျင်ရွှမ်သည် ဘာကိုမှမပင်ထိရသေးသလို တူများကိုပင်မကိုင်ရသေးချေ။ ထိုအနပ်သည် သားအဖသုံးယောက် အတွက် ညစာဖြစ်သည်။ မဟုတ်သေးဘူး၊ မနက်စာဟုခေါ်ရမည်။ ရှေးခေတ် ဆင်းရဲသည့်မိသားစုများသည် များသောအားဖြင့် တစ်ရက်ကိုထမင်းနှစ်နပ်သာစားကြရသည်။ ပေါင်မုန့်လုံးလေးများ ၏ရဲ့ပုံစံအရတော့ ဒီတစ်နေ့လုံးဘာမှစားရသေး ပုံမပေါ်ချေ။ မဟုတ်ပါက နေ့လည်ခင်းမှာ ညစာစားဖို့ဆိုတာမဖြစ်နိုင်ပေ။ သူ့ ပန်းကန်ထဲမှအာ လူးအစိတ်အနည်းငယ်ကိုငုံ့ကြည့်ပြီး အရသာရှိရှိစားနေသည့် ပေါင်မုန့်လုံးလေးများကိုကြည့်မိလိုက်ပြီးနောက် လင်းဂျင်ရွှမ်စိတ်မကောင်းဖြစ်ကာ သူ့စိတ်ထဲလည်း တစ်မျိုးတစ်မည်ခံစားလိုက်ရသည်။ သူထဲက ဟင်းဖတ်တစ်ချို့အား ပေါင်မုန့်လုံးလေး၏ ပန်းကန်လုံးထဲထည့်ပေး လိုက်သည်။
"ကျေးဇူးပါ ဖေဖေ ဒါ အရမ်းအရသာရှိတယ်"
လင်းဝူ၏ပျော်ရွှင်နေသည့် မျက်လုံးများကကျဉ်း မြောင်းသွားပြီး ကန်စွန်းဥတစ်ခြမ်းလောက်ဖြင့် လခြမ်းကွေးလေးဖြစ်သွားရသည်။
"ရော့ ရှောင်၀မ်... "
"ဖေဖေ၊ သား ဗိုက်ပြည့်နေပြီ ဖေဖေ စားရမယ်။ အဖွားက သားတို့အာဟာရပိုရဖို့ အသားမတတ်နိုင်ပေမယ့် သားတို့အနေနဲ့ဖြည့်စွက်စာစားပေးရမယ်တဲ့"
လင်းဂျင်ရွှမ်သည် တူချောင်းများဖြင့် လင်း၀မ် ၏ပန်းကန်ထဲ ထည့်ပေးရန်လုပ်သည့်အခါ၊ ပေါင်မုန့်လုံးကြီးသည် သူ့ပန်းကန်ကိုလက်နှင့်အုပ်ပြီးအဝေးသို့ပုန်းအောင်းကာ ဓားပုံသဏ္ဍာန်မျက်ခုံးမွှေးများကို ထိစပ်လုနီးပါးကြုံ့ထားခဲ့သည်။ ထို့အတွက် သူခံစားသွားရပြီးနှင့် Depression ပင်၀င်သွားခဲ့ရသည်။ ပေါင်မုန့်လုံးကြီးပိုရင့်ကျက်ပြီး အသိဥာဏ်ရှိလေလေ၊ သူ့အတွက်ပိုကြောက်စရာကောင်းလေလေပင်။အရသာရှိတဲ့အသားတွေကျွေးဖို့ သူ မစောင့်နိုင်တော့ဘူး။ သို့သော် ယခုအချိန်တွင် မိသားစုသည် လွန်စွာဆင်းရဲတွင်းနက်နေပြီဖြစ်လေရာ သေသေချာချာအစီစဉ်မဆွဲထားပါက ထိုမည်း နက်နေသောဟင်းပွဲသည် ၎င်းတို့၏နေ့စဉ်အဓိကအစားအစာဖြစ်လာပြီး အသင့်တော်ဆုံးအစား အစာဖြစ်လာပေလိမ့်မည်။
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...