Unicodeအဆောင်အရှေ့ကနေထွက်လာတော့ အနက်ရောင် yamaha ဆိုင်ကယ်ကိုကျောမှီပြီးရပ်နေတဲ့ ခပ်ညစ်ညစ် အရိပ်လေးက ထုံးစံအတိုင်း။ပုခုံးထိကျော်တဲ့ဆံပင်ရှည်တွေကို ခေါင်းပေါ်စုထုံးထားပုံက ဖရိုဖရဲ။အနက်ရောင်စွယ်ကျပ်ပေါ်က ထပ်ဝတ်ထားတဲ့ဂျင်းဂျက်ကပ်ရဲ့အကျီလက်ကို တစ်ဖက်ကခေါက်တင်ထားပြီး တစ်ဖက်ကတော့ ကြယ်သီးပေါက်ကိုမတပ်ပဲ ဖြစ်သလိုချထားတယ်။ဝတ်ထားတဲ့ ဂျင်းဘောင်းဘီအနက်ရောင်က ဒူးခေါင်းတစ်ခုလုံးပေါ်တဲ့အထိ ဟပြဲနေခဲ့တယ်။လက်ထဲမှာ စီးကရပ်တစ်လိပ်ကိုခဲထားကာ ဟန်ပါပါရှိုက်လိုက်ပြီး အငွေ့တွေကို လေဟာနယ်ထဲကို ထုတ်လွှတ်ပစ်လိုက်သူက သူ့ကိုမြင်သွားသည့်ထင် သူ့ဘက်ဆီငဲ့ကြည့်လို့လာခဲ့တယ်။အနီးနားကို ရောက်လာတော့ မျက်လုံးထောင့်စွန်းကနေမြင်လိုက်ရတာက စီးကရက်ကိုမြေပြင်ပေါ်ပစ်ချပြီး နင်းခြေလိုက်တဲ့ပုံရိပ်။ဘာကိုမှ ဂရုမပြုမိတဲ့ပုံစံအတိုင်း ရှောင်းကျန့်က ခြေလှမ်းတွေကို ဆက်လှမ်းလာခဲ့လိုက်တယ်။ အင်း! ဒါကလည်းသူလုပ်နေကြထုံးစံတစ်ခုပဲမလား..
မကြာခင်မှာသူ့အနောက်ကခြေသံတလျှပ်လျှပ်ကိုကြားရလိမ့်မယ်။မူကြိုကလေးတစ်ယောက်လို တစ်စုံတစ်ယောက်ရဲ့ လိုက်ပို့ခြင်းကိုခံရမယ်။ဘာစကားတစ်ခွန်းမှမဆိုပဲနဲ့ သူ့ခြေလှမ်းတွေနောက်ကနေ ထပ်ကြပ်မကွာလိုက်လာမယ် ပြီးတာနဲ့ဆေးရုံ ရှေ့ရောက်ရင် တိတ်တဆိတ်ပဲ ပြန်လှည့်ထွက်သွားမယ်။ဒီလိုပါပဲ အနာပေးလိုက် ဆေးကျွေးလိုက် နဲ့တစ်စုံတစ်ယောက်ကသူ့ဘဝထဲဝင်လာခဲ့လိမ့်မယ်။အသံတိတ်ကြင်နာခြင်းတွေနဲ့လှည့်ဖျားပြီး နှလုံးအိမ်ထဲ ချောင်တချောင်ကနေကပ်ဝင်လာလိမ့်မယ်။မရေရာမသေချာတဲ့ဘဝမှာတစ်စုံတစ်ယောက်အပေါ်ငြိတွယ်ပစ်ဖို့ သူကအသင့်ရှိနေခဲ့မိတာ။ဒီပြောင်းလဲခြင်းက ဘယ်လိုသဘောများ သက်ရောက်နိုင်မလဲ။
"နေအုံး!"
ဆေးရုံဝန်းထဲကို ခြေလှမ်းဝင်ဖို့ပြင်တော့ အနောက်က ကပ်ပါလာတဲ့ ခပ်ဩဩအသံတစ်ခု။
ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေရခြင်းအကြောင်းတရားတွေက ပိုင်စိုးပိုင်နင်းဆန်မှုတွေ ကြောင့်လည်းပါတယ်။ပိုင်ဆိုင်ဖို့ပဲသိပြီး တန်ဖိုးမထားတက်မှာကို စိုးတယ်။ဒါတွေကြောင့် ကိုယ့်ထက်သိပ်ငယ်တဲ့တစ်စုံတစ်ယောက်ဆီမှာပျော်ဝင်ဖွယ်ကို သူသိပ်ကြောက်နေမိတာ။အရိုင်းအစိုင်းကောင်ငယ်လေးဆီက သူကဘာတွေကိုမျှော်လင့်နေမိမှန်းကို သူကိုယ်တိုင်တောင်မသိခဲ့။သူကသိပ်ကို သည်းခံနိုင်တဲ့သူ ဘယ်အရာကိုမှ ဒေါသတကြီးနဲ့ဖြေရှင်းရတာမျိူးကိုမကြိုက်ဘူး။ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်သူက လေသံတစ်သံထဲနဲ့သာ ထွက်ဆိုတက်တယ်။နောက်ပြန်လှည့်ကြည့်လိုက်ပြီး..
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]