Unicode
ဟောက်ရွမ်းရယ်ယွီပင်းရယ်နဲ့အတူ racerကွင်းဆီကနေပြန်လာခဲ့တော့အချိန်က ညနေ လေးနာရီတော်တော်လေးကိုကျော်လွန်နေပြီ။သုံးယောက်သား အသီးသီးလမ်းခွဲပြီးကြပြီး ကွန်ဒိုရှိရာဆီကို ပြန်လာခဲ့တော့ လမ်းမှာ မိုးကသည်းကြီးမည်းကြီးရွာချတယ်။လူက ပြေးကွင်းထဲမှာ နုံးလာတာမို့ ဆိုင်ကယ်လီဗာကို လျော့ချပြီး မိုးရေအေးအေးတွေကို ခံယူတယ်။ပုခုံးတစ်ဖက်ခြမ်းမှာ လွယ်ထားတဲ့အမဲရောင်အိတ်လေးက မိုးရေစိုခံတာမို့ အထွေအထူးတော့ စိုမှာကို စိုးရိမ်စရာမလို။မျက်နှာပေါ်က helmetက မိုးရေစက်ပြင်းပြင်းတွေမထိတွေ့အောင် အကာအကွယ်ပေးတယ်။
လမ်းတစ်လျှောက်ကို ဖြေးဖြေးချင်း အရှိုန်လျော့မောင်းလာရင်းနဲ့ အကွာအဝေးတစ်နေရာမှာ လူတစ်စုကိုမြင်တော့ ရိပေါ်ရဲ့ နှုတ်ခမ်းတွေက ခပ်တွန့်တွန့်ဖြစ်သွားတယ်။ဆိုင်ကယ် သုံးစီးကို လမ်းမထက်ပိတ်ရပ်ထားတဲ့ပုံတွေက သူ့လာရာလမ်းကိုစီးကြိုနေတယ်ဆိုတာကို ပြသနေသယောင်။လူကိုရေတွက်ကြည့်လိုက်တော့ ငါးယောက်။ငါးယောက်နဲ့တစ်ယောက်ဆိုတာ သိပ်ပြီးမျှတတဲ့အခြေအနေတော့မဟုတ်ဘူး။ဒါပေမဲ့ လှည့်ပြန်ပြေးတယ်ဆိုတာ သူ့ရာဇဝင်မှာရှိမနေ။သိပ်အရေးပါနေလို့တော့မဟုတ်ဘူး ပြိုင်ကွင်းက ကိစ္စကို အပြင်မှာအုပ်စုဖွဲ့ပြီးရှင်းတယ်ဆိုတည်းက တစ်ဖက်ကို စောက်ထင်ကိုမကြီးတော့တာ။
မလှမ်းမကမ်းမှာ ရိပေါ်က စက်သက်ပြီး helmetကို ချွတ်ပစ်လိုက်တယ်။မိုးရေစက်တွေက မညှာမတာ မျက်နှာပြင် ပေါ်ဖြန့်ကျတ်လာတယ်။ဆံပင်ရှည်တွေကို လက်တစ်ဖက်နဲ့ သက်တင်လိုက်ပြီး သူအဆင့်သင့်ဖြစ်ကြောင်းပြတယ်။တစ်ဖက်က ကောင်တွေက သူ့ဆီကို လှမ်းလာတယ်။အဲ့ထဲက ကောင်နှစ်ယောက်ရဲ့ လက်ထဲမှာ ဘေ့ဘော့စ် တုတ်တွေနဲ့။ရိပေါ်က ခေါင်းခါရမ်းပြီး ပြုံးလိုက်မိတယ်။သူ့အတွက်နဲ့ တော်တော်လေးကို ဒုက္ခခံထားတာပဲ။
"တောင်းပန်ချင်ရင်မှီသေးတယ်နော်!"
တစ်ဖက်ရဲ့စကားကြောင့် ရိပေါ်က ခါးကိုဟန်ပါပါထောက်လိုက်ပြီး တစ်ဖန် ဆံပင်တွေကို သပ်တင်လိုက်ပြန်တယ်။ပြီးတာနဲ့ ခပ်လှောင်လှောင်အပြုံးတစ်ခုနဲ့အတူ..
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]