Ep_16

4.5K 422 13
                                    


Unicode

ဒီနေ့က sunday သူ့ရဲ့အလုပ်ပိတ်ရက်။ရှောင်းကျန့်ကခြောက်နာရီလောက်တည်းကအိပ်ယာကနိုးနေပြီ။ဘယ်လိုနေ့မျိူးမှာပဲ ဖြစ်ဖြစ် သူ့ရဲ့အိပ်ယာထချိန်ကတစ်သက်မှတ်တည်းပဲ အိပ်ယာဝင်ချိန်သာ မတူညီရင်ရှိရမယ်။ရှောင်းကျန့်က အဆောင်ထဲကပစ္စည်းအချို့ကို သူနေရာနဲ့သူသိမ်းဆည်းပြီးနေပြီ။တိုက်ခန်းကိုပြောင်းဖို့အတွက် အကုန်လုံးကိုသူအ
ဆင့်သင့်ဖြစ်အောင်ပြင်ဆင်ထားပြီးသား။

တကယ်တော့ သူ့ရဲ့ပစ္စည်းဆိုတာ အသုံးအဆောင်တစ်ချို့နဲ့ စာအုပ်တွေပဲရှိမယ်ထင်။တစ်ကိုယ်ရေစာ အသုံးအဆောင်ပစ္စည်းက သူ့အတွက်ဘယ်လောက်များ များပြားနိုင်မှာမို့လို့လဲ။မိသားစုဝင်မရှိတဲ့အတွက် အိမ်အပြောင်းအရွေ့က အဲ့လောက်မခက်ခဲ။ရှောင်းကျန့်က လက်ကနာရီကို တစ်ချက်
ကြည့်လိုက်တယ်။ခြောက်နာရီခွဲဆိုတဲ့အချိန်မှာ သူကအားလုံးပြီးစီးသွားပြီ။

ပြတင်းပေါက်ကလိုက်ကာစကိုဖယ်ပြီး အပြင်ဘက်ကိုတစ်ချက်ကြည့်တယ်။သူတစ်စုံတစ်ယောက်ကိုမျှော်နေမိတာဆိုတာလည်းမှန်တယ်။တကယ်တော့ အဲ့လိုမျှော်ရအောင်ကိုလည်း တစ်ဖက်က တမင်ကိုလုပ်ယူထားခဲ့တာ။ပစ္စည်းတွေပြောင်းရွေ့ဖို့အတွက်ကို ရှောင်းကျန့်ကမစီစဥ်ရသေးဘူး။ကြီးကြီးမားမားမျိူးတွေမရှိတော့ taxiလောက်နဲ့တင်အဆင်ပြေနိုင်တယ်လို့ရှောင်းကျန့်ထင်တာကြောင့်။

'ဒေါက်!..ဒေါက်!..ဒေါက်!'

ရှောင်းကျန့်ရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားတယ်။မျက်တောင်တွေကိုနှစ်ချက်ဆင့်မျှပုတ်ခက်လိုက်မိပြီး တံခါးရှိရာဆီကိုအကြည့်တို့ပို့မိတယ်။သူ့အဆောင်တံခါးကို ခေါက်မဲ့လက်ပိုင်ရှင်က နောက်ဆုံးတော့ရှိလာပြီထင်တယ်။အဲ့တော့မှ ရှောင်းကျန့်က သူ့ဘဝကဘယ်လောက်အထီးကျန်နေလဲ ကိုယ့်ကိုယ်ကိုတွေးမိတယ်။လူမှုဆက်ဆံရေးညံဖျင်းခဲ့တာမျိူးမဟုတ်ပဲ သူကလူတွေရဲ့နေ့စဥ်ဘဝထဲကနေ သွေဖယ်လာမိတာထင်တယ်။

ရှောင်းကျန့်က ခြေလှမ်းတွေကိုတံခါးရှိရာဆီလှမ်းလာခဲ့ပြီး အဆောင်တံခါးကို ဖွင့်ပေးလိုက်မိတယ်။

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now