Unicode
"အသက်ကိုခပ်ပြင်းပြင်းလေးတစ်ချက်ရှုပေးနော်!"
"........"
"အင်း!ဟုတ်ပြီ အဲ့လိုမျိူးလေးပဲနောက်တစ်ခေါက်ထပ်ရှုပေးပါ"
စမ်းသပ်မှုပြီးဆုံးသွားတဲ့အခါ stethoscope ကိုချွတ်လိုက်ပြီး လည်ပင်းမှာပြန်ချိတ်ဆွဲထားလိုက်တယ်။ဂျုတီကုတ်အဖြူရောင်လေးပေါ်မှာ ချိတ်ဆွဲထားတဲ့ ဘောပင်နဲ့စာရွက်ပေါ်မှာစာလုံးအချို့ကိုအကြမ်းဖျဥ်းချရေးလိုက်ပြီး လူနာရဲ့မိသားစုထံကိုပေးလိုက်တယ်။
"ဒီဆေးတွေဝယ်ပေးရမယ်နော်!"
"ဟုတ်ကဲ့ ဒေါက်တာ!"
"x-ray ရိုက်ထားတဲ့အဖြေရောရပြီလားမသိဘူး!"
"ရပါပြီ ဒေါက်တာ!"
လူနာရှင်ကမ်းပေးလာတဲ့ x-rayဆေးစစ်ချက်အဖြေကိုရှောင်းကျန့်ယူလိုက်ပြီးတစ်ချက်ကြည့်လိုက်တယ်။သေချာလေးအဖြေရှာချင်တာကြောင့် လူနာရှင်ထံကိုခွင့်တောင်းလိုက်တယ်။
"ဒါကို ကျွန်တော်ခဏယူသွားမယ်နာ် သေချာလေးစစ်ကြည့်ချင်လို့!"
"ဟုတ်ကဲ့ပါ ဒေါက်တာ!"
လူနာရှင်အမျိူးသမီးကို ခေါင်းတစ်ချက်ငြိမ့်ပြ လို့အသိအမှတ်ပြုပြီးတာနဲ့ လူနာဆောင်ကနေလှည့်ထွက်လာခဲ့လိုက်တယ်။ဒီမနက်အတွက်သူကြည့်ပေးရမဲ့လူနာက ကုန်ပြီပဲဖြစ်တယ်။နားနေခန်းထဲကိုရောက်တော့ နာရီကိုတစ်ချက်ကြည့်လိုက်တယ်။
မနေ့ကညတည်းကဝင်ထားရတဲ့သူ့ဂျူတီက ဒီညနေရောက်မှထွက်ရမှာဖြစ်တယ်။နေ့လည်စာစားချိန်ရောက်နေပေမဲ့ အပြင်ကိုမထွက်သေးပဲ လက်ထဲက x-ray စစ်ဆေးချက်ကိုသေသေချာချာလေး အသေးစိတ်ကြည့်မိလိုက်တယ်။အဲ့အချိန်ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့တယ်။ဖုန်းခေါ်ဆိုလာတဲ့သူကတစ်ခြားသူမဟုတ်ပဲအားရီသာဖြစ်တယ်။ဘာအကြောင်းအရာအတွက်ဆိုတာကိုလည်းရှောင်းကျန့်ကသိနှင့်ပြီးသားဖြစ်တယ်။အားရီမေးလာမဲ့မေးခွန်းတွေအတွက် သူ့မှာဖြေရှင်းချက်ရှိလားဆိုရင်မရှိဘူးလို့ဖြေမယ်။ဒီအတိုင်းကောင်းမွန်တဲ့အရာတွေ တစ်စုံတစ်ယောက်ဆီရရှိစေဖို့အတွက်သူ့သဘောနဲ့သူလုပ်လိုက်တဲ့ကိစ္စအတွက် သူ့မှာတကယ်ပဲအကြောင်းပြချက်ရှိမနေဘူး။လက်ထဲကx-rayစစ်ဆေးချက်ကို ခဏချထားလိုက်ပြီး ဖုန်းကိုကိုင်လို့ဖြေဆိုမဲ့ဘက်ကိုဆွဲလိုက်တယ်။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfic__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]