Unicode
ညဆယ်နာရီကျော်ဆိုတဲ့အချိန်မှာ ပတ်ဝန်းကျင်ကလူခြေတိတ်လို့နေခဲ့ပြီ။ဒီအချိန်က သူ့အတွက်အကောင်းဆုံးစာကြည့်ချိန်ဆိုလည်းမမှား။အဆောင်အခန်းကျဥ်းလေးထဲမှာ တိတ်တဆိတ် တစ်ကိုယ်ရေ လွတ်လွတ်လပ်လပ်ဖြတ်သန်းရတဲ့ အရသာက သိပ်ကိုကောင်းလွန်တယ်။ဘာအနှောင့်အယှက်မှ မရှိပဲ ဘာဆူညံမှုမှမရှိပဲ ငြိမ်ငြိမ်သက်သက်လေး အလုံးစုံအပေါ် အာရုံစူးစိုက်နိုင်တယ်။macbookပေါ်မှာ ပြေးလွှားနေတဲ့လက်တွေက အဆက်မပြတ်လှုပ်ရှားနေသလို မျက်ဝန်းတွေရဲ့လားရာဟာ screenထက်ဆီမှာ။
စာတမ်းတစ်ခုပြီးတစ်ခုကိုဖတ်ကြည့်ပြီး လက်ကလည်း အနားမနေရအောင် ဘောပင်တစ်ချောင်းရယ်စာရွက်တွေနဲ့အတူ တစ်ဖန် keyboardတွေမှာလည်း ရွေ့လျားနေပြန်တယ်။ထို့အချိန်မှာ တိတ်ဆိတ်နေတဲ့အခန်းငယ်လေးအတွင်း ရုတ်တရက်စိုးမိုးလာတဲ့ အသံတစ်ခု။ရှောင်းကျန့်ရဲ့မျက်တောင်လေးတွေကရုတ်တရက်ဆိုသလို ပင့်တက်သွားမိတယ်။ဒီလိုအချိန်မျိူးမှာ သူ့ကိုဖုန်းခေါ်နိုင်တာ ဘယ်သူများရှိမလဲ။ေဂယာကဆိုရင် ကျိန်းသေပေါက် ဒီလိုအချိန်များ ခေါ်ဆိုမှာမဟုတ်ဘူးဆိုတာ သူသိနေတယ်။
macbookပေါ်ကပြေးလွှားနေတဲ့ လက်တွေက ရပ်တန့်သွားတယ်။ခပ်လှမ်းလှမ်းမှာရှိတဲ့ ဖုန်းကို ဆွဲယူကြည့်မိေတာ့သေချာပေါက် သူ့ contact ထဲမှာရှိမနေတဲ့ နံပါတ်စိမ်းတစ်ခု။ရှောင်းကျန့်က စက္ကန့်ဝက်လောက်တွေဝေနေမိပေမဲ့ ခဏြကာမှာ ဖုန်းကို ဖြေဆိုတဲ့ဘက်ကို ဆွဲလိုက်မိတယ်။
"ဟယ်လို..."
သူ့ဘက်ကနေစပြီး အသံပြုဖြေဆိုမှုတော့ တစ်ဖက်က ဘာတုန့်ပြန်မှုမှမရှိ။ရှောင်းကျန့်ကဖုန်းကို နားနားကခွာပြီးတစ်ချက်ကြည့်လိုက်မိတယ်။ဘာထူးခြားမှုမှမရှိတာမို့ ထပ်ပြီး..
"ဟယ်လို!.."
နောက်တစ်ကြိမ်သူ့ဘက်ကတစ်ဖန်အသံပြုတဲ့အထိ ဘာတုန်ပြန့်မှုမှရှိမလာခဲ့။ရှောင်းကျန့်နည်းနည်းစိတ်ရှုပ်လာရတယ်။တစ်ဖက်ကိုအချိန်ပေးရလောက်တဲ့အထိ သူကအားယားနေတဲ့သူမျိူးမဟုတ်ဘူး။သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်ပြီး..
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Hayran Kurgu__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]