UnicodeMarketထဲမှာ လိုအပ်တဲ့ပစ္စည်းတစ်ချို့ကိုလျှောက်ကြည့်ဖြစ်တယ်။ရှောင်းကျန့်က လိုအပ်မယ်ထင်တာတွေကို ခြင်းထဲကောက်ထည့်တယ်။ဝမ်ရိပေါ်ကတော့ ဘာမှမသိဘူး သူကရှောင်းကျန့်နောက်ကလိုက်ကြည့်ရုံပဲ။ခြင်းထဲမှာ ပစ္စည်းအတော်အသင့်စုံနေပြီ။ရှောင်းကျန့်က ဒီနေ့အတွက် မိနူးကို ပါစတာ လုပ်ဖို့စဥ်းစားထားတယ်။သူတစ်ကိုယ်ရေစာအတွက်က ကိစ္စမရှိပေမဲ့ အခုကသူ့မှာက ဝမ်ရိပေါ်လည်းရှိလာပြီဆိုတော့ ဝမ်ရိပေါ်စားနိုင်မဲ့အရာတွေကိုရွေးချယ်စဥ်းစားရတယ်။
ရှောင်းကျန့်ကတစ်ယောက်တည်းနေလာရသူမို့တော်တော်များများကိုချက်တက်တယ်။ပစ္စည်းတွေအတော်အသင့်အစုံအလင်ထည့်ပြီးသွားတော့ ရှောင်းကျန့်မျက်စိထဲကိုဝင်လာတဲ့အရာတစ်ခု။ရှောင်းကျန့်က တစ်ချက်စဥ်းစားသလိုပြုမူတယ်။နောက်တော့ ဘာကိုမှမစဥ်းစားမနေတော့ပဲ အဲ့ဒီအရာကိုခြင်းထဲကောက်ထည့်လိုက်တယ်။ဖြစ်ချင်ရာဖြစ် တစ်ခါတစ်လေတော့ လွတ်လွတ်လပ်လပ်နေကြည့်ဖို့ဆုံးဖြတ်ချက်နဲ့။အဲ့ဒီအချိန် ဝမ်ရိပေါ်ရဲ့ မျက်နှာထက် မှာအံဩရိပ်တွေနဲ့အတူ သူကိုမယုံသလိုတစ်ချက်ကြည့်လာတယ်။
"ဘာလဲ!"
ဝမ်ရိပေါ်ရဲ့မျက်နှာထားကြောင့် ရှောင်းကျန့်က မလုံမလဲဖြစ်လာတယ်။သူခြင်းထဲကိုကောက်ထည့်လိုက်တာက ဘီယာဘူးလေးတွေပဲကို။
္"သောက်တက်လို့လား!"
"ငါလဲယောကျာ်းလေးပဲဟာ!"
ဝမ်ရိပေါ်ကအခုထိ သူ့ကိုမျက်တောင်တွေစင်းပြီးကြည့်နေတုန်း။သူ့စကားကိုမယုံသလို ခပ်စူးစူးကိုစိုက်ကြည့်နေတာ။စကားနဲ့ဟန်ကိုယ့်ဖို့ပြောလိုက်ပေမဲ့ သူတကယ်မသောက်တက်ဘူး။ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ လက်မောင်းကိုကိုင်ကာ ဆွဲခေါ်လာပြီး..
"လာပါကွာ!..တစ်ခါတစ်လေ အထူးအဆန်းဖြစ်အောင် သောက်ကြည့်တာပေါ့"
ဝမ်ရိပေါ်က ဘာမှထပ်ပြောလာခြင်းမရှိတော့ပဲ သူ့ဆွဲခေါ်တဲ့အတိုင်းပါလာခဲ့တယ်။တစ်နေရာအရောက်မှာ ဝမ်ရိပေါ်ရဲ့ ခြေလှမ်းတွေရပ်တန့်သွားတယ်။စင်ပေါ်က အရာတွေကဝမ်ရိပေါ်ရဲ့အာရုံကိုဖမ်းစားသွားတယ်။ရှောင်းကျန့်လည်း ဝမ်ရိပေါ်နည်းတူ လိုက်ကြည့်မိတော့ စင်ပေါ်မှာတင်ထားခဲ့တာကjigsaw puzzle ဘူးတွေ။ဝမ်ရိပေါ်နည်းတူ ရှောင်းကျန့်လည်းစိတ်ဝင်စားသွားတယ်။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]