Ep_20

5.1K 428 28
                                    

Unicode

ဒီနေ့မနက်မှာ ရှောင်းကျန့်ကခါတိုင်းနဲ့မတူပဲဗျာများနေရတယ်။တိုက်ခန်းထဲမှာ စုန့်ရည်ဆန်ရည်လျှောက်လို့ လိုအပ်တာတွေမှန်သမျှကိုလည်း အိတ်ထဲကို စုပြုံထည့်နေရတယ်။ဒီနေ့က အလုပ်ပိတ်ရက်ဖြစ်သလို ဂေယာကိုလာခဲ့မယ်အကြောင်း အားရီကိုပြောပြခဲ့တာကြောင့်။ရှောင်းကျန့်ကအရင်ကဆို ဂေယာကို အနည်းဆုံး သုံးလတစ်ခါလောက်တော့သွားဖြစ်တယ်။ဒါပေမဲ့ ဟောက်စ်ဆာဂျင်စဆင်းတည်းက မရောက်ဖြစ်ခဲ့တာဟာ ခုချိန်ထိပဲ​​​ဖြစ်တယ်။ဒါကြောင့် ဒီနေ့မှာ ဂေယာက ကလေးတွေကို ကျန်းမာရေးစစ်ဆေးဖို့အတွက်လည်းလုပ်ပေးချင်တာမို့ ပိုပြီးတော့ အလုပ်ရှုပ်နေတယ်။

လိုအပ်တာတွေအကုန်လုံးထည့်ပြီးတဲ့အခါ လက်ဆွဲအိတ်အမဲလေးက တော်တော်လေး နစ်သွားတယ်။ဂေယာကိုသွားမှာမို့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ t-shirtလက်တိုခပ်ပွပွတစ်ထည်ကိုပဲ stylepantထဲ ထည့်ဝတ်ထားတယ်။ရှောင်းကျန့်ရဲ့ဝတ်စားဆင်ယင်ပုံက အဲ့လိုပဲ အမြဲရိုးရှင်းနေတက်တယ်။လက်ကနာရီကို တစ်ချက်ကြည့်လိုက်တော့ မနက်ရှစ်နာရီစွန်းစွန်း။သူကအကုန်ပြင်ဆင်ပြီးပေမဲ့ တစ်စုံတစ်ယောက်လာဖို့ကျန်နေသေးတာမို့ တိုက်ခန်းအနှံ့မှာ လက်ပိုက်ရပ်သားနဲ့ပဲ လမ်းလျှောက်ပြီးစောင့်နေမိတယ်။

အတွေးတွေကပြန့်ကျဲနေခဲ့တယ်။သမာရိုးကျလည်ပတ်နေတဲ့ဘဝက အခုဆိုမရှုပ်မရှင်းလေးတစ်ခုရှိလာခဲ့ပြီ။အတည်ပြုချင်စိတ်နဲ့ စောင့်ကြည့်နေခဲ့ပေမဲ့ ကိုယ်တိုင်ရဲ့ပြောင်းလဲလာခြင်းတွေကိုတော့ သူသတိမထားမိပဲနေပါ့မလားလေ။လုပ်ယူထားခြင်းမရှိတဲ့ အဲ့ဒီအရာတွေအတွက် ဘယ်သူကိုအပြစ်ဖို့ရမလဲ။ရေစက်ပါသလောက် အဆုံးစွန်ထိစွန့်စားကြည့်ချင်တယ်။ကောက်ရိုးမျှင်လောက်လေးဆိုရင်တောင် ရူးရူးမိုက်မိုက်နဲ့ဖမ်းဆုပ်ထားချင်တယ်။

ဒါကသိပ်ကို ရူးမိုက်ရာကျနေမလား မသိပေမဲ့ သူကကျေကျေနပ်နပ်နဲ့ ပါဝင်အားဖြည့်ပေးချင်မိတယ်။အကြောင်းပြချက်တွေကိုရှာဖွေကြည့်ပေမဲ့ မတွေ့ခဲ့ရဘူး ဒီအတိုင်း အင်း! ဒီအတိုင်းလေးပဲ။အတ္တတွေမပါပဲနဲ့ ဆန္ဒရှိသလောက်ပေးလိုက်ချင်တာမျိူး။စိတ်တိုင်းကျယုံကြည်ပြီးတစ်ဘဝလုံးအပ်နှံပေးလိုက်ချင်တာမျိူး။

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now