Unicode
တိုးလျှလျှအသံက နားစည်ထဲကို ညှင်းသွဲ့သွဲ့စီးဆင်းတယ်။လက်ရှိအခြေအနေကို ဂရုမပြုမိပဲ ထိုစကားအသံကပဲ နားထဲမှာကြိမ်ဖန်များစွာ ပြန်ကြားယောင်မိတယ်။ဘယ်လိုအဓိပ္ပါယ်မျိူးနဲ့ဘာကိုရည်ရွယ်ပြီးပြောနေရပါသလဲ!တကယ်လားဒါမှမဟုတ် နောက်ပြောင်စရာတစ်ခုလို သူ့အပေါ်စနောက်နေခြင်းလား။ဘာပဲဖြစ်ဖြစ် ဒီအခြေအနေက
နေအမြန်ဆုံးလွတ်မြောက်ဖို့လိုပြီ။အတည်ငြိမ်ဆုံးဖြစ်အောင် စိတ်ကိုပြင်ဆင်လိုက်တယ်။သူကဘာအတွက်ကြောင့်နဲ့မှ ရှက်ရံွ့နေဖို့မလိုတာပဲ။တစ်ဖက်လှည့်ထားတဲ့မျက်နှာကို ဝမ်ရိပေါ်နဲ့အပြိုင် မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်တယ်။သူ့မျက်နှာအရှေ့က ရေသားအလား တည်ငြိမ်နေတဲ့မျက်ဝန်းတွေထဲကို တန်ပြန်စိုက်ကြည့်လိုက်မိတယ်။မျက်ဝန်းတွေတိုင်းကညို့တက်လားမသိပေမဲ့ ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေက ရီဝေဝေရယ်။အသိနဲသတိကိုခဲွဲခြားပြီး အနည်းငယ်သော စိတ်လှုပ်ရှားမှုကိုဖြေဖျောက်ရပြီး တန်ပြန်ချေပဖို့ စကားလုံးကိုရွေးတယ်။
"ဆေးရုံမဆင်းခင် မင်းဦးနှောက်ကို x-ray ရိုက်ဖို့လိုပြီထင်တယ်"
စကားအဆုံး သူ့ကိုအုပ်မိုးထားတဲ့လူက မထီတရီနှုတ်ခမ်းတစ်ဖက်တွန့်ကွေးအောင်ပြုံးတယ်။ပြီးတာနဲ့ သူ့မျက်နှာနားကို ထပ်မံပိုတိုးကပ်လာတာကြောင့် ရှောင်းကျန့်က မျက်နှာကို နောက်ကိုထပ်မံရုတ်လိုက်တယ်။လူနာကို တာဝန်ယူထားတဲ့ဆရာဝန်က ကန်ထုတ်ပစ်လို့ရလား!အဲ့လိုဆိုရင် သူဘာကိုမှငဲ့ညာမနေပဲ အရှေ့ကကောင်ကို ကန်ထုတ်ပစ်ချင်လို့။
"အင်း!..စစ်ကြည့်ရမယ် ခင်ဗျားကြောင့် တစ်ခုခုချို့ယွင်းသွားတာလည်း ဖြစ်နေနိုင်တာပဲ!"
အတက်အကျမရှိထွက်လာတဲ့လေသံအေးအေးမှာ
ေရှာင်းကျန့်ပြောစရာစကားလုံးတို့ပျောက်ရှရပြီ။အဲ့အစား အရှေ့က ကောင်ရဲ့ ရင်ဘက်ကိုသာ လက်နှစ်ဖက်နဲ့တွန်းလွှတ်ပြီး ဒီအခြေအနေကနေရုန်းထွက်ဖို့ပြင်တယ်။သူတွန်းလိုက်တဲ့အရှိန်ပဲများသွားတာကြောင့်လား အသာတကြည့်ဖယ်ပေးလို့လားမသိပေမဲ့ ဝမ်ရိပေါ်ရဲ့လက်တွေထဲက လွတ်မြောက်ခွင့်ရတာနဲ့ ခြေလှမ်းတွေဒယောသောပါး လှည့်ထွက်ဖို့ပြင်လိုက်တယ်။ပြန်ချေပရမယ့် စကားတစ်ခွန်းကိုလည်း မဖြစ်မနေဆိုရင်း..
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfic__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]