Unicode
"မျက်နှာပေါ်က ဒဏ်ရာတွေဆေးထည့်မယ်!"
ရှောင်းကျန့်က ဆေးဗန်းကိုကိုင်ပြီးပြောတော့ ဝမ်ရိပေါ်က သူ့ဘက်ကို မျက်နှာစောင်းငဲ့လို့ပေးတယ်။ကုတင်ဘေးက ခုံတစ်ခုံကိုဆွဲယူလို့ ဝမ်ရိပေါ်နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် တစ်တန်းထဲ ထိုင်လိုက်ပြီး ဆေးထည့်ခြင်းအလုပ်ကို စတင်လုပ်ဆောင်တယ်။နားထင်စပ်က စုပ်ပြဲရာတစ်ချို့နဲ့မျက်နှာပေါ်ကယောင်ယမ်းရာတစ်ချို့ကိုဆေးလိမ်းပေးပြီး ပလာစတာတစ်ချို့ကပ်ပေးပြီးတာနဲ့ နှုတ်ခမ်းနားကပေါက်ပြဲရာတစ်ချို့ကိုအရက်ပြန်လေးနဲ့သန့်စင်ပြီး
ဆေးကိုခပ်ဖွဖွတို့ထိထည့်ပေးလိုက်တယ်။ဆေးထည့်နေစဥ်အတွင်း စပ်မှာစိုးတာကြောင့် လေနဲ့ခပ်ဖွဖွမှုတ်ပေးပေမဲ့ တစ်ယောက်သူကတော့ နာကျင်ခြင်းလည်းမပြ ကျောက်ရုပ်အတိုင်းမလှုပ်မယှက်။ဆေးထည့်ခြင်းအမှုပြီးဆုံးတာနဲ့ ဆေးပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းနေရင်း ခေါင်းကတစ်ချက်မိုက်ကနဲဖြစ်လို့သွားတယ်။ခေါင်းကိုတစ်ချက် ခါထုတ်ပစ်လိုက်ပြီး မျက်တောင်တွေကို ဆက်တိုက်ပုတ်ခတ်မိတယ်။ပြီးတာနဲ့ ဝမ်ရိပေါ်ဘက်ကို လှည့်လိုက်ပြီး..
"လောလောဆယ် အဆင်မပြေဖြစ်တာမျိူး ရှိလား"
"ရှိတယ်!"
ရှောင်းကျန့်ကဆေးပစ္စည်းတွေသိမ်းနေရာကနေဝမ်ရိပေါ်ကိုတစ်ချက်ပြန်ကြည့်လိုက်ပြီး..
္"အင်း!..ပြော ဘာအဆင်မပြေတာရှိလဲ!"
"ဆေးလိပ်မသောက်ရတာ!!"
ရှောင်းကျန့်ရဲ့မျက်မှောင်တွေက အနည်းငယ်ကြုံ့သွားပြီး..
"ဝေဒနာ နဲ့ ဆိုင်တာပဲပြော!"
"......"
ဝမ်ရိပေါ်က ဘာမှဆက်ပြောလာခြင်းမရှိတော့ဘူး။အမြဲတမ်းမျက်နှာသေနဲ့တစ်စိုက်မက်မက်စိုက်ကြည့်နေတဲ့မျက်လုံးတွေကိုတန်ပြန်မကြည့်မိအောင် ရှောင်နေရတယ်။ဘယ်လိုပုဂ္ဂိုလ်မျိူးဝင်စားလည်းမသိပေမဲ့ စကားပြောလိုက်တိုင်းအထက်စီးဆန်သ
လို မျက်လုံးတွေကရဲတင်းလွန်းတယ်။ဆေးပစ္စည်းတွေသိမ်းပြီးတာနဲ့ သူဘာလုပ်ပေးဖို့လိုအုံးမလဲရှောင်းကျန့်ကစဥ်းစားတယ်။ဝမ်ရိပေါ်ရဲ့လက်ခုံပေါ်ကို အကြည့်တို့ရောက်တဲ့အခါ ဆေးသွင်းထားတဲ့နေရာကို တစ်ချက်ကြည့်လိုက်တယ်။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]