Ep_9

4.8K 473 17
                                    

Unicode

ဆေးရုံတစ်ခွင်လုံးမှာ ဂျူတီကုတ်အဖြူရောင်နဲ့လူတစ်စုကလှည့်ပတ်နေဆဲ။အရှေ့ဆုံးမှာ အသက်အားဖြင့်ရောဝါအားဖြင့်ရော ကြီးတဲ့ဆရာဝန်တွေက ဦးဆောင်ပြီး အနောက်မှာတော့ ဟောက်စ်ဆာဂျင်ဆင်းတဲ့ အလုပ်သင်ဆရာဝန်တွေလေးက တန်းစီပြီး round လှည့်နေခဲ့ခြင်း။ဟောက်စ်ဆာဂျင်ဆရာဝန်လေးတွေရဲ့လက်ထဲမှာ စာအုပ်နဲ့ဘောပင်ကို အဆင့်သင့် ကိုင်ဆောင်ထားပြီး စီနီယာဆရာဝန်ကြီးတွေပြောသမျှကို လိုက်မှတ်နေကြတယ်။အဲ့ထဲမှာ ရှောင်းကျန့်ကလည်းအပါအဝင်ဖြစ်တယ်။

လူနာဆောင်တစ်ဆောင်ပြီးတစ်ဆောင်လှည့်ပတ်
ကြည့်ရှုသလို မှတ်စရာတွေကအများအပြား။ကုသရေးပိုင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို လက်တွေ့ပို့်ချမှုကြောင့် မိပါလာခဲ့တဲ့ဘောပင်နဲ့ လက်တွေကို မော်တာတပ်ထားရတဲ့အတိုင်း လှုပ်ရှားကြရတယ်။ဆရာဝန်လက်ရေးတွေက ဆိုးဝါးတယ်ဆိုပြီး လူတွေပြောစမှတ်ရှိကြတယ်။တကယ်တော့ ဆရာဝန်တွေရဲ့လက်ရေးက ဆိုးဝါးတာမဟုတ်ပဲ ဆိုးဝါးတဲ့အခြေအနေတွေကြားကနေဖြတ်သန်းလာရင်း အကျင့်ပါသွားကြတာ ဖြစ်တယ်။

တကယ်တော့ ဟောက်စ်ဆာဂျင် စဆင်းပြီဆိုရင် ဆရာဝန်ဖြစ်ပြီလို့ယူဆလို့ရနိုင်နေပြီ။ဆရာဝန်ဘွဲ့(M.B.B.S)ကိုရဖို့အတွက်က ဒီဟောက်ဆာဂျင်ဆယ်လတာကာလကို ဖြတ်သန်းနိုင်မှ ဖြစ်မှာမို့ ပန်းတိုင်တစ်ခုဆီရည်ရွယ်ပြီး အကောင်းဆုံးလုပ်ဆောင်နေ​ြကတာမျိူး။ဟောက်ဆာဂျင်သမားတွေက အနောက်ကနေ အတန်းလိုက်အတွဲလိုက်စီ လိုက်ရပေမဲ့ ရှောင်းကျန့်အတွက်က ဘယ်သူနဲ့ဖက်လဲတကင်းရှိမနေချေ။ရှောင်းကျန့်က အရှေ့ကဦးဆောင်တဲ့စီနီယာတွေဆီမှာပဲအကြားအာရုံ အမြင်အာရုံကို ဦးတည်ထားတယ်။စာအကြောင်းမှလွဲ၍သူ့ကိုသီးသန့်ရယ်အပေါင်းအသင်းမရှိသလိုသူကိုယ်တိုင်ကလည်း ဒီလို ရေပေါ်ဆီတွေနဲ့ ပတ်သက်ခြင်းမရှိ။

မျှချေ အခြေအနေမှာ ကိုယ့်နေထိုင်မှုပုံစံနဲ့ကိုယ် သူတို့ကအဆင်ပြေနေကြဆဲ။ဒါပေမဲ့ အဆင်ပြေတယ်ဆိုတာက စီနီယာတွေရဲ့ မေးခွန်းတွေကို သူဖြေနိုင်ချိန်တွေမပါခဲ့။လက်တွေ့(practical)လုပ်တိုင်း ရှောင်းကျန့်ဖြေဆိုလိုက်တဲ့ ကုသရေးပိုင်းမေးခွန်းတွေရဲ့အဖြေက ဆရာဝန်ကြီးတွေကို စိတ်ကျေနပ်မှုပေးနိုင်ပေမဲ့ သူနဲ့တန်းတူဟောက်စ်ဆာဂျင်သမားတွေအတွက်တော့ ကျေနပ်နိုင်ခြင်းရှိလိမ့်မည်မဟုတ် ။teamတစ်ခုလုံခြုံငုံပြီးမေးတဲ့မေးခွန်းတွေမှာ ဘယ်သူကမှအရင်စပြီး ဖြေဆိုခြင်းမရှိခဲ့ဘူး။ဖြေဆိုသူမဲ့သွားတဲ့မေးခွန်းတွေကို ရှောင်းကျန့်ကဖြေဆိုတိုင်း သူ့ဆီဝင့်လာတက်တဲ့ မျက်လုံးတွေရဲ့ အဓိပ္ပါယ်ကို သူတကယ်ပဲ နားမလည်နိုင်ဘူး။တကယ်တော့ လူတွေလည်း ရတာမလို၊လိုတာမရ။

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now