Ep_19

4.6K 467 20
                                    

Unicode

အရှိုန်နှုန်းနဲ့မောင်းတင်လာတဲ့ yamaha အမြင့်ဘီးဆိုင်ကယ်သုံးစီးက ဆေးရုံတစ်ခုရှေ့မှာရပ်သွားတယ်။ယွီပင်းကောင်းမှုအကြောင်းပြုပြီး ဆေးရုံကိုရောက်လာရခြင်း။ဝမ်ရိပေါ်က ယွီပင်းနဲ့လိုက်လာဖို့အတွက်အကြောင်းပြချက်ရှိပေမဲ့ အကြောင်းပြချက်မရှိတာက ဟောက်ရွမ်းတစ်ယောက်တည်း။တစ်ယောက်တည်းကျန်နေခဲ့ရမှာထက်စာရင်ဆိုတဲ့အတွေးကြောင့် ဒီနှစ်ယောက်နောက်ကိုအဖော်အဖြစ်လိုက်လာခဲ့လိုက်တယ်။helmatတွေကိုအသီးသီးချွတ်ပြီးဆိုင်ကယ်ပေါ်မှာရပ်နေတဲ့သူတွေကဘေးပတ်ဝန်းကျင်ကိုလည်းအာရုံရှိပုံမရ။

ဝမ်ရိပေါ်က ဆိုင်ကယ်ဒေါက်ကိုထောက်ပြီးတာနဲ့ helmatကိုချွတ်လို့ အိတ်ကပ်ထဲကဆေးလိပ်ဘူးကိုယူပြီး တစ်လိပ်ယူလိုက်တယ်။ဆေးရုံထဲမဝင်ခင်မှာ သူဆေးလိပ်တစ်လိပ်ကို အပြင်မှာအပြတ်သောက်သွားမယ်ဆိုတဲ့စိတ်နဲ့။အဲ့အချိန်ဟောက်ရွမ်းကလည်း လက်ကမ်းလာတာမို့ ဟောက်ရွမ်းကိုပါ တစ်လိပ်ထုတ်ပေးလိုက်တယ်။ယွီပင်းဆီကိုလည်း ယူအုံးမှာလားဆိုတဲ့ပုံစံနဲ့ ဆေးလိပ်ကိုထိုးပေမဲ့ ယွီပင်းကတော့ ခေါင်းခါပြလာတယ်။မသောက်ချင်လို်မဟုတ်ပဲ သူ့ဦးလေးဆီသွားရမှာမို့ ဆင်ခြင်လိုက်တာဆိုရင်ပိုမှန်မယ်။

ဝမ်ရိပေါ်ကမီးခြစ်နဲ့ဆေးလိပ်မီးမြှိက်ပြီးတာနဲ့ ဟောက်ရွမ်းကိုပစ်ပေးလိုက်တယ်။ဟောက်ရွမ်းကလည်းဆိုင်ကယ်ပေါ်ကနေကပဲ အမိအရဖမ်းပြီး ဆေးလိပ်ကိုမီးညှိတယ်။ယွီပင်းကဘေးကိုဟိုဟိုဒီဒီဝေ့ဝဲကြည့်ပြီး ဟိုနှစ်ကောင်ဆေးလိပ်ပြီးအောင်သောက်တဲ့အချိန်စောင့်နေတယ်။သူတို့သုံးယောက်ရဲ့ဆက်ဆံရေးကအဲ့လိုပဲ အသေးအမွှားလေးတွေကအစclosedဖြစ်တယ်။ဆေးလိပ်ဆိုရင်လည်း ယွီပင်းကတစ်ခါတစ်လေပေမဲ့ ရိပေါ်နဲ့ဟောက်ရွမ်းကတော်တော်လေးကို စွဲစွဲမြဲမြဲသောက်ကြတယ်။ရိပေါ်ကတော့အဆိုးဆုံးပဲပြောရမလားပဲ။

စီးကရက်တစ်လိပ်က ဘယ်လောက်အချိန်ထိခံနိုင်မှာလဲ။ဖင်အစီခံနားထိရောက်လာတဲ့ ဆေးလိပ်ကို ရိပေါ်က လက်ညိုးရယ်လက်မရယ်နဲ့ကိုင်လို့ နောက်ဆုံးအကြိမ်ရှိုက်လိုက်ပြီး လမ်းမပေါ်ပစ်ချလိုက်တယ်။ဟောက်ရွမ်းကတော့ ကုန်ဖို့အနည်းငယ်လိုသေးပေမဲ့ ပြာတွေကိုတောက်ပြီး မြေပြင်ပေါ်ပစ်ချပြီးဖိနပ်နဲ့နင်းသက်တယ်။ပြီးတာနဲ့ဟောက်ရွမ်းရဲ့ အမူအယာနဲ့သွားမယ်ဆိုတဲ့အချက်ပြသံကြောင့် သူတို့ဆေးရုံထဲဝင်လာခဲ့ကြတယ်။

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now