Ep 12

4.6K 433 18
                                    


Unicode

လူနှစ်ယောက်က အချိန်အတော်ကြာတဲ့အထိ အတူယှဥ်တဲွဲပြီးမတ်တပ်ရပ်နေဆဲ။ဒီတစ်ခါ တစ်စုံတစ်ယောက်ရဲ့အလိုမကျမှုကိုမလည်းမတွေ့ရသလို နောက်ထပ်တစ်ယောက်ရဲ့ လေးနက်တဲ့အမူအယာကိုပါ မြင်တွေ့နေရတယ်။ရှောင်းကျန့်က ဂျူတီကုတ်ရဲ့အိတ်ကပ်ထဲ လက်နှစ်ဖက်ကို ထည့်ထားတယ်။နောက်ခိုင်းကနေကြည့်ရင် တစ်တန်းထဲ ဖြစ်နေတဲ့ပုခုံးနှစ်သွယ်က သဘောကျစရာအတိ။လူနှစ်ယောက်ကြားမှာ လေထုကစုန့်ဆန်ပြေးလွှားနေခဲ့ပြီး အကြောင်းအရာတစ်ခုပေါ် ဆွေးနွေးအဖြေရှာနေသလိုမျိူး။

"ယွမ်ယွမ် ဂေယာကိုစရောက်တော့အခြားကလေးတွေနဲ့မတူဘူး သာမန်ကလေးတွေလို ဆော့ကစားတာမျိူးမရှိပဲ အမြဲတမ်းတစ်ယောက်တည်းနေတက်တယ် ဒါကအားရီပြောပြတာပါ ငါကအဲ့အချိန်ဂေယာမှာမရှိတော့ဘူး အဆောင်မှာပြောင်းနေနေပြီ ယွမ်ယွမ်အရွယ်က သိနားလည်နေပြီဆိုတော့ မိဘတွေသူ့ကိုထားခဲ့တယ်ဆိုတာကိုလည်း သိနေမယ့်ပုံပေါ်တယ် အဲ့ဒါကြောင့် အဲ့လိုပုံစံလေးဖြစ်နေတယ်လို့အားရီကထင်ခဲ့ပေမဲ့ တကယ်တမ်းအချိန်တစ်ခုကြာတဲ့အထိ ယွမ်ယွမ်ပုံစံက အဲ့တိုင်းလေးပဲရှိနေတုန်း ယွမ်ယွမ်ကနေမကောင်းဖြစ်လွယ်တယ် ခဏခဏဖျားတယ် အသားအရေကပုံမှန်မရှိဘူး ဖြူဖပ်ဖြူရော်လေးနဲ့အမြဲမှိုင်တွေနေတက်တယ် ပုံမှန်အစားစားပေမဲ့ ကိုယ့်အလေးချိန်တက်လာတာ ထွားလာတာမျိူးမရှိဘူး နောက်အဆိုးအဝါးဆုံးတစ်ခုက ယွမ်ယွမ်ကမကြာခဏ နှာခေါင်းသွေးလျှံတက်တယ်တဲ့ နှာခေါင်းသွေးတစ်ခါထွက်ရင်တိတ်ဖို့အတွက် တော်တော်လေးအချိန်ယူရတယ်ပြောတယ် ဒါသွေးကင်ဆာရဲ့ရောဂါလက္ခဏာတွေပဲလေ အားရီကတော့သာမန်လူမို့လို့ ဘယ်သိပါ့မလဲ အကယ်၍ငါသာ အဲ့အချိန် ဂေယာမှာရှိနေခဲ့ရင်တော့ ယွမ်ယွမ်အခြေအနေကို သိခဲ့ကောင်းနိုင်ပါတယ်"

"........"

ဝမ်ရိပေါ်ကတိတ်ဆိတ်နေပေမဲ့ ရှောင်းကျန့်ပြောတဲ့စကားတွေကိုနားထောင်နေတယ်ဆိုတာ သိသာနေတယ်။ဝင်ရောက်ဆွေးနွေးခြင်းမရှိပေမဲ့ အာရုံစိုက်နားထောင်နေသလိုမျိူး။

"တစ်နေ့မှာ ယွမ်ယွမ်က ရုတ်တရက် နှာခေါင်းသွေးတွေဆက်တိုက်လျှံကျလာပြီးမူးလဲသွားတဲ့အထိဖြစ်ခဲ့တယ် အဲ့အချိန်အားရီက ယွမ်ယွမ်ကိုဆေးရုံတင်တော့မှ ငါယွမ်ယွမ်ကိုသိခဲ့တာ ပြီးတော့ ယွမ်ယွမ်မှာသွေးကင်ဆာရှိနေတာကိုလည်း အဲ့တော့မှ ငါတို့သိခဲ့ကြတာ ယွမ်ယွမ်က ေသွးကင်ဆာဖြစ်နေခဲ့တာ တော်တော်လေးကြာပြီတဲ့ ကင်ဆာဆဲ လ်တွေကတော်တော်လေးပျံ့နှံ့နေခဲ့ပြီ ကျန်ခဲ့တဲ့နှစ်တွေမှာ ဘာကုသမှုမှမရှိခဲ့တာကြောင့် ရောဂါကပိုပိုဆိုးဝါးလာတာလည်းဖြစ်နိုင်တယ် မိဘတွေနဲ့ရှိစဥ်တုန်းက ယွမ်ယွမ်မိဘတွေက ယွမ်ယွမ်အခြေအနေကို မသိခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒီအခြေအနေကိုရောက်မှတော့ ဘယ်သူ့ကိုအပြစ်တင်နိုင်တော့မလဲ!"

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now