Unicodeရှောင်းကျန့်လက်က နာရီကိုတစ်ချက်ကြည့်မိတယ်။အပြင်ကို ထွက်သွားကြတဲ့နှစ်ယောက်က ယခုအထိ ပြန်မရောက်သေးတာကြောင့် သူအခုအထိ အခန်းအပြင်ကို မထွက်ရသေး။ကုတင်ပေါ်က လူကတော့ ယခုအချိန်ထိမလှုပ်မယှက်ပဲ ရှိနေဆဲ။မျက်နှာပေါ်က ယောင်ရမ်းဒဏ်ရာတစ်ချို့နဲ့ နှုတ်ခမ်းထောင့်စွန်းကပေါက်ပြဲရာတစ်ချို့ကို ဆေးထည့်ပေးဖို့စဥ်းစားလိုက်ပေမဲ့ ယခုမှသတိပြန်ရလာတာမို့ အချိန်မတန်သေးဘူးလို့ထင်မိတာကြောင့် နောက်မှလုပ်ပေးဖို့တွေးမိလိုက်တယ်။
"ဖုန်းခဏငှားလို့ရလား!"
ရှောင်းကျန့်က ဝမ်ရိပေါ်ကိုတစ်ချက်ကြည့်မိတယ်။ဝမ်ရိပေါ်ကလည်းသူ့ကိုထပ်တူပြန်ကြည့်နေခဲ့တယ်။ဝမ်ရိပေါ်ကိုသူခေါ်လာတုန်းက သူ့ကိုယ်ပေါ်မှာ ဘာပစ္စည်းမှမပါလာခဲ့တာကို သူသိတယ်။ညစ်ပုတ်ကပ်ကျယ်လုပ်ပြီး မငှားလိုက်ချင်ပေမဲ့ ကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိုတော့ ခဲွဲခြားနိုင်သင့်တယ်မလား။နောက်ပြီး သူလည်းသူမိသားစုကိုတော့ အသိပေးသင့်တာပေါ့ဆိုတဲ့စိတ်နဲ့ ဂျူတီကုတ်ရဲ့အိတ်ကပ်ထဲက ဖုန်းကို ထုတ်ပေးလိုက်တယ်။
"Password !!"
ဝမ်ရိပေါ်က ဖုန်းကိုထောင်ပြပြီး သူ့ကိုမေးလာတော့..
"1,2,3,4,5,6"
"ဟွန်း!.."
ဘေးကလူရဲ့အကြည့်ေတွက သူ့ဆီဒိုင်းခနဲရောက်ချလာတယ်။ဒီအခြေအနေမှာ ဘယ်သူကရယ်ချင်တာကို ထိန်းချုပ်ထားနိုင်မလဲ။ဝမ်ရိပေါ်က ဆေးမသွင်းထားတဲ့ဘက်နဲ့ မျက်ခုံးနှစ်ခုစပ်ကြားနေရာလေးကို လက်ညိုးလေးနဲ့ခပ်ဖွဖွကုပ်လိုက်မိတယ်။ဆရာဝန်တစ်ယောက်ရဲ့ ဖုန်းpasswordကို သူအထင်ကြီးခဲ့မိတာပဲ။မျှခြေပြန်တွေးကြည့်လိုက်ရင်လည်း စာတွေအရမ်းကျတ်ရလွန်းလို့ ဒီလိုနေရာမျိူးတွေမှာ ဦးနှောက်သိပ်မသုံးတော့တာလဲ ဖြစ်နိုင်ပါတယ်။
ဝမ်ရိပေါ်က ဖုန်းနံပါတစ်ခုဆီ ဦးတည်ပြီးခေါ်ဆိုလိုက်တယ်။သူ့ဦးနှောက်ထဲမှာ ရှိနေတဲ့ အနည်းငယ်သော ကိန်းဂဏန်းလေးတွေထဲက နံပါတ်စဥ်တစ်ခု။ခေါ်ဆိုပြီး မကြာခင်မှာ အခန်းအတွင်းကိုပျံ့လွင့်လာတဲ့ ringtoneသံကြောင့် ဝမ်ရိပေါ်ရဲ့ မျက်ခုံးတန်းနှစ်ခုက စုကျုံ့လို့သွားပြန်တယ်။အသံလာရာဆီကို အကြည့်တို့ပို့မိတော့ ဆိုဖာတစ်ခုပေါ်မှာရှိနေတဲ့ ဖုန်းကြောင့် မျက်နှာထက်နားမလည်မှုတွေဝင်ရောက်လာပြီး ဘေးကလူကိုတစ်ချက်ကြည့်မိတယ်။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]