Ep_27

4.7K 394 53
                                    

Unicode

ေဆးရုံကော်ရစ်တာတစ်လျှောက်ကနေ ဂျူတီကုတ်ထဲလက်ထည့်ထားရင်း ပုံမှန်လေးလျှောက်လာခဲ့တယ်။လက်တစ်ဖက်ကလည်း ဖုန်းကိုနားနားကပ်ထားပြီးတစ်ဖက်ကလူနဲ့ရေပက်မဝင်စွာပြောနေဆဲ။ဒါတွေကသူ့ရဲ့ပြောင်းလဲလာတဲ့နေထိုင်မှုပုံစံတွေ။သူကိုယ်တိုင်တောင်မသိလိုက်တဲ့ပြောင်းလဲခြင်းတွေအတွက်သူ့ကိုမေးလာခဲ့ရင်သူ့မှာအဖြေမရှိဘူး။သေချာတာကတော့ တော်တော်လေးကိုခရီးပေါက်နေခဲ့ပြီ။အခုနောက်ပိုင်းတွေမှာ ရှင်သန်ရတာကအဓိပ္ပါယ်ရှိလာသလိုမျိူး..

"နောက်ကျမယ်လို့ပြောတာလား!"

"......."

"ရတယ်လေ တိုက်ခန်းကိုတစ်ခေါက်ပြန်မနေနဲ့တော့ ဒီကိုပဲတန်းလာခဲ့!"

"......"

"အင်း စောင့်နေမယ်! အမြန်မောင်းစရာမလိုဘူး!"

ဝမ်ရိပေါ်က rehearsal ရှိပေမဲ့ ဒီနေ့စောစောပြန်ဖြစ်မှာကြောင့် သူ့ကိုလာခေါ်ဖို့အသိပေးခြင်း။သူနဲ့ပတ်သက်ရင်အသေးစိတ်ကအစဂရုတစိုက်ပြုမူတက်တဲ့ကောင်လေးကတိုက်ခန်းကိုအရင်ပြန်ပြီး ဆိုင်ကယ်ပြန်ထားဖို့လုပ်နေတာကြောင့် racer ကွင်းကနေပဲတစ်ခါတည်းလာခဲ့ဖို့ကိုသူထပ်မှာရတယ်။မဆိုသလောက်လေးနောက်ကျမယ်ဆိုပေမဲ့လည်း
သူအဆင်ပြေကြောင်းပြောပြမိတယ်။တစ်ယောက်တည်းပြန်ရမယ်ဆိုတဲ့အသိထက်စာရင်အနည်းငယ်သောစောင့်ဆိုင်းခြင်းကိုပဲ ခုံမင်စွာရွေးချယ်ဖြစ်တော့တယ်။

အလုပ်ဆင်းချိန်ရောက်တော့ ယူစရာရှိတာတွေယူပြီးထွက်လာခဲ့တယ်။ဒီပိတ်ရက်မှာလျှော်ဖွတ်ဖို့အတွက် ဂျူတီကုတ်ကိုလည်းလက်မှာချိတ်လာခဲ့တယ်။
လမ်းတစ်လျှောက်မှာသူ့ကို ခေါင်းငုံ့ပြီးနှုတ်ဆက်တက်တဲ့ nurse မလေးတွေကိုလဲ ပြန်ပြုံးပြဖို့မမေ့။ရှောင်းကျန့်ကခုအနောက်ပိုင်းမှာ အရင်ကထက်ပိုပြီးရယ်မောမိလာတယ်။အရင်ကထက်လည်းစကားတွေအများကြီးပြောမိတယ်။

"ရှောင်းကျန့်!"

အနောက်ကခေါ်သံတစ်ခုကြောင့် လှည့်ကြည့်မိတော့ စီနီယာက ပြုံးပြနေခဲ့တယ်။ဖြည်းဖြည်းချင်းအနားကိုလျှောက်လာတဲ့စီနီယာက လက်ဆွဲတစ်အိတ်လုံးကိုလည်းကိုင်ဆောင်ထားခဲ့တယ်။ကြည့်ရတာသူ့လိုပဲ အလုပ်သိမ်းမဲ့ပုံပါပဲ။

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now