Unicode
ေန့ရက်တွေကို အချိန်ကာလတွေက တစ်ဖြည်းဖြည်းတိုက်စားတယ်။ဘာလိုလိုနဲ့ ဟောက်ဆာဂျင် ဆယ်လတာကာလကိုကုန်ဆုံးဖို့အချိန်အနည်းငယ်လောက်ပဲလိုတော့တာသာဖြစ်တယ်။ စိတ်လှုပ်ရှားနေတာမျိူးရှိလားဆိုပြီးမေးလာခဲ့ရင် သူတစ်ယောက်တည်းအနေနဲ့ဆိုရင်မရှိဘူးပဲ ဖြေမိလိမ့်မယ်။သူ့တို့လိုအလုပ်သင်တွေအနေနဲ့ ဟောက်ဆာဂျင်ကာလကို စိတ်လှုပ်ရှားနေမဲ့အစား နောင်ကြုံရမယ့် Asစာမေးပွဲတွေမှာ ဘယ်လိုရင်ဆိုင်ဖို့ပြင်ဆင်ထားရမလဲဆိုတာကိုပဲ ကြိုးတွေးထားသင့်တယ်လို့သူထင်တာကြောင့်။
တကယ်တော့ ဒီဆယ်လတာကာလကိုအမြန်ဆုံးကုန်ဆုံးစေချင်မိတာတော့အမှန်ပဲ။အလုပ်သင်ဆိုတဲ့အခိုက်အတန့်ကြီးမှာ မနေချင်တော့တာလဲပါတယ်။ထပ်ပြီး လေ့လာစရာတွေ သင်ယူစရာတွေအတွက် ရှေ့ဆက်ပြီးသွားချင်သေးတယ်။ရှောင်းကျန့်က ပညာရေးနဲ့ပတ်သက်ပြီးတော့ နည်းနည်းလောဘကြီးတာလည်းပါတယ်။နောက်ဆုံးတော့ နှစ်နဲ့ချီပြီးကြိုးစားလာသမျှအတွက် ဘွဲ့ဆိုတဲ့ဂုဏ်ပုဒ်တစ်ခုနဲ့ ဆရာဝန်လက်မှတ်ဆိုတဲ့ တရားဝင်ကတ်ပြားလေးကို သူမကြာခင်ကိုင်ဆောင်နိုင်တော့မယ်။ဘွဲ့ရဖို့အတွက်ကိုတော့ သူတကယ်ပျော်နေတယ်။
အရင်ကအနာဂတ်အကြောင်းကိုစဥ်းစားတဲ့အခါ
ေထွထွေထူးထူးမရှိပဲ သမားရိုးကျလေးဖြစ်ချင်ခဲ့မိတယ်။အခုတော့ သမာရိုးကျဘဝထဲမှာ အံဝင်ခွင်ကျဖြစ်စေဖို့ အချို့အကြောင်းအရာတွေကိုပါ သူထည့်စဥ်းစားနေရပြီ။ရိုးရှင်းစွာလည်ပတ်နေတဲ့ဘဝမှာ ဆူးတစ်ချောင်းကလာငြိတွယ်နေခဲ့ပြီ။ဘာအခွင့်အရေးမှမပေးထားခဲ့ပေမဲ့ သူ့ဘက်ကတော့ ဘဝအကြောင်းအရာတွေထဲထိထည့်တွေးပြီးနေပြီ။ရေစက်ပါသလောက်ဆိုပေမဲ့ ဘယ်သောမခါမှ ရေစက်မကုန်ချင်တာလဲ သူကိုယ်တိုင်ပဲသိတယ်။အခုဆို တိတ်ဆိတ်နေတဲ့အိမ်တစ်လုံးကိုတံခါးခေါက်မယ့် လက်တစ်စုံကရှိလာပြီ။သူ့တိုက်ခန်းထဲမှာ စုန့်ရည်ဆန်ရည်လျှောက်သွားတက်တဲ့ခြေရာတစ်ခုတိုးလာပြီ။အချို့ရက်တွေမှာ ညစာအတွက်သူခေါက်ဆွဲထုပ်နှစ်ထုပ်ပြုတ်နေရပြီ ပန်းကန်တစ်ချပ်ပိုဆေးလာရပြီ။စကားတွေအာပေါက်မတက်ပြောလာရသလို ခဏခဏလည်းဒေါသထွက်နေရပြီ။ဝမ်ရိပေါ်က တကယ့်အခွင့်ရေးသမားလေး ခေါင်းလေးဝင်ပါရစေ ခြေလေးဝင်ပါရစေနဲ့ အခုဆိုတစ်ကိုယ်လုံးနီးပါးသူ့အိမ်အနှံ့ခြေဆန့်နေပြီ။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]