Unicode
အချိန်ကာလအားဖြင့် ဘယ်လောက်ကြာမြင့်သွားလဲသူတို့မသိတော့။ရှောင်းကျန့်က ဝမ်ရိပေါ်ကိုလွတ်ထွက်သွားမှာဆိုးတဲ့အလားပွေ့ဖက်ထားမှုကိုယခုအချိန်ထိမပြောလျော့ပေးသေး။ဝမ်ရိပေါ်ကလည်းဘာမှမပြောဘူး။ငြိမ်ငြိမ်လေးပဲသူ့ကျောပြင်
ကို ပြန်လည်သိုင်းဖက်ပေးထားခဲ့တာ။အခုချိန်မှာသူသိတာ သူဝမ်ရိပေါ်ကိုလိုအပ်တယ်။ဝမ်ရိပေါ်ကိုသူနဲ့အနီးဆုံးမှာပဲ ရှိချင်ေနတယ်။ဝမ်ရိပေါ်နဲ့အချိန်အကြာကြီးအတူရှိချင်တယ်။တကယ်တော့ သူတို့နှစ်ယောက်ကြားမှာ ဘယ်အရာနဲ့မှအတင်းအကြပ်ချည်နှောင်တာမျိူးမရှိခဲ့ဘူး။
အခုအခြေအနေက ရှောင်းကျန့်ကဝမ်ရိပေါ်ရဲ့ခံစားချက်တွေကိုနားလည်ပေးလိုက်တဲ့သဘောပဲ။သူ့ဘက်ကလည်းစကားလုံးတွေကိုအထွေအထူးမလိုအပ်ကြောင်း ဝမ်ရိပေါ်သိဖို့လိုတယ်သူဝမ်ရိပေါ်ကိုယုံတယ်။မသေချာတဲ့အနာဂတ်တဲ့ထိတော့သူမတွေးဘူးပစ္စုပန်မှာပဲဒီလက်ကိုမြဲအောင်ဆွဲဖို့တွေးတယ်။လူဆိုတာအတ္တနဲ့မကင်းတော့ အကောင်းဆုံးတွေပဲလိုချင်ရင်တောင် အဆိုးဆုံးအတွက်ကိုလည်းသူကြိုတွေးထားရတယ်။ဝမ်ရိပေါ်ရဲ့အသက်ရှုသံပြင်းပြင်းတွေကိုသူနားထဲမှာကြားနေရတယ်။နောက် ဝမ်ရိပေါ်ဆီက ထွက်လာတဲ့ခပ်တိုးတိုးအသံတစ်ခု..
"ခင်ဗျား အနားယူနေသင့်ပြီ!"
ရှောင်းကျန့်ကဝမ်ရိပေါ်ကိုသိုင်းဖက်ထားတဲ့လက်ကိုဖြေးဖြေးချင်းဖြေလျော့လိုက်တယ်။ပြီးတာနဲ့ ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေထဲကို ကြည့်ပြီး..
"အင်း..ပြန်ရအောင်!"
ဝမ်ရိပေါ်က ခေါင်းတစ်ချက်ငြိမ့်ပြပြီး သူ့လက်ဖဝါးတစ်ဖက်ကို ထွေးဆုပ်ပြီးကိုင်လာတယ်။ရှောင်းကျန့်ကအသာတကြည်ပဲ ဝမ်ရိပေါ်ရဲ့လက်တွေကိုပြန်လည်သိုင်းယှက်လိုက်ပြီး ဝမ်ရိပေါ်ခေါ်ဆောင်သွားတဲ့နောက်ကို လိုက်လာခဲ့တယ်။နှစ်လွှာမှာလူသူကင်းရှင်းနေကြပြီ။ပြင်ပလူနာဆောင်ကနေသူတို့တွေအတူတူထွက်လာခဲ့ကြတယ်။ဓာတ်လှေကားထဲရောက်တဲ့အထိ ဝမ်ရိပေါ်ကသူ့လုပ်ကိုထွေးဆုပ်ထားတုန်း။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfic__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]