Ep_35

3.9K 366 34
                                    

Unicode

​အဖြူရောင်ကားလေးတစ်စင်းကကျယ်ဝန်းလှတဲ့ခြံတစ်ခုထဲကိုမောင်းဝင်လာခဲ့တယ်။ခြံတံခါးကိုဖြတ်ဝင်လိုက်ပေမဲ့လည်း အိမ်ဆီကိုရောက်ဖို့အတွက်အချိန်အားဖြင့်တော်တော်​ြကာမြင့်အောင်မောင်းဝင်ရတုန်း။နောက်ဆုံးမှာအဖြူရောင်သုတ်ဆေးနဲ့အတူမှန်နရံတွေကာရန်ထားတဲ့ အဆောက်အဦးတစ်ခုက အရှေ့မှာပေါ်ထွက်လာခဲ့တယ်။ကြီးမားလှတဲ့အဆောက်အဦးတစ်ခုက နန်းတော်တမျှအလားထည်ဝါမှုအပြည့်နဲ့။ဂုဏ်၊ဒြပ်၊အဆင့်အတန်းတစ်ခုကိုသိသိသာသာဖော်ညွှန်းပြသနေတဲ့ အဆောက်အဦးတစ်ခုဆိုလည်းမမှား။

ခြံကျယ်ကြီးထဲကတစ်နေရာမှာကားလေးကထိုးရပ်သွားခဲ့တယ်။အနက်ရောင်suitတွေအသီးသီးနဲ့လူသုံးယောက်က အတူတူကားပေါ်ကဆင်းလာကြတယ်။ခြံဝန်းထဲမှာအပြိုင်အဆိုင်ထိုးရပ်ထားကြတဲ့ကားတွေကအမြောက်အများ။အနက်ရောင်ဝတ်စုံကိုပဲဆင်မြန်းထားကြတဲ့လူတွေအသီးသီးကလည်းခြံဝန်းထဲမှာသွားလာနေကြတယ်။နာရေးအခမ်းအနားဆိုတဲ့အသိတစ်ခုကြောင့် အရာအားလုံးကတိတ်တဆိတ်နဲ့ပဲ သက်ဝင်လှုပ်ရှားနေကြတယ်။

မျက်စိရှေ့မှာမြင်နေရတဲ့အဆောက်အဦးနဲ့ ကြီးမားလှတဲ့ခြံဝန်းပတ်ပတ်လည်ကို ရှေုာင်းကျန့်ကလှည့်ပတ်ကြည့်ရှုမိတယ်။ဒီခြံဝန်းရဲ့အကျယ်ကဘယ်လောက်လောက်ရှိမလဲ။မြို့တော်ဝန်ခန်းမတစ်ခုစာလောက်ထိရှည်လျားနိုင်မလား။မျက်စိရှေ့မှာမြင်နေရတဲ့သူလက်လှန်းမမှီနိုင်တဲ့အဆောက်အဦး။ဒီအဆောက်အဦးကရော ဘယ်အတိုင်းအတာထိကြီးမားနိုင်မလဲ။သေချာတာကတော့ သူ့တိုက်ခန်းသေးသေးလေးနဲ့အနည်းငယ်မျှအက်စပ်ကြည့်ဖို့ရာအတွက်တော့မဖြစ်နိုင်ဘူး။

္အနည်းငယ်သောသိမ်ငယ်စိတ်လေးတွေဝင်ရောက်လာတယ်ဆိုတာကိုဝန်ခံတယ်။ကွာခြားလှတဲ့အခြေအနေတစ်ခုကသူတို့ကြားမှာအနှောင့်အယှက်တစ်ခုအဖြစ်ကြားဝင်ဖျက်စီးပစ်မှာကိုမလိုမလားဘူး။မိုးနဲ့​မြေလိုကွာခြားတယ်ဆိုတာကိုသိပေမဲ့လက်တွေ့ဘဝမှာ သူကအမှုန်အမွှားသာသာလောက်ပဲရှိနေခဲ့တယ်။ပိုင်ဆိုင်မှုအတိုင်းအတာတွေကိုသူစိတ်မဝင်စားပေမဲ့ ဒီကန့်သက်ချက်တွေကဘဝတွေထဲထိ ဝင်ရောက်လာမှာကိုတော့သူစိုးရိမ်မိတယ်။

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now