Ep_13

4.5K 474 18
                                    


Unicode

ဲ'ဂျိန်း!....'

ရှောင်းကျန့်ခွဲခန်းထဲက​နေ အရင်ဆုံးပြေးထွက်လာမိတယ်ထင်တယ်။သူဒီမြင်ကွင်းကိုကြည့်နေဖို့အတွက်ဆက်ပြီးအားအင်မရှိတော့ကြောင့်။ဒီလောက်အကာအဝေးလေးအတွင်းမှာတောင်သူကမောဟိုက်နေမိတယ်။တံခါးကိုလက်ထောက်ထားပြီး ေနာက်လက်လက်တစ်ဖက်က ဒူးပေါ်ထောက်ထားရတယ်။ပင်ပန်းလိုက်တာ!ပထမဆုံးအကြိမ်အကြီးမားဆုံးအဖြစ်အပျက်ကြီးက သူ့အတွက်ပင်ပန်းလိုက်တာ။အသက်မဲ့နေတဲ့ခန္ဓာကိုယ်တွေအမြောက်အများကိုတွေ့ဖူးခဲ့ပေမဲ့ သူ့လက်ထဲမှာပဲအသက်မဲ့သွားတဲ့ခန္ဓာတစ်ခုက စိတ်ရဲ့အကန့်တွေထိဆွဲကပ်လာတယ်။

္"ဒေါက်...ဒေါက်တာ!"

တုန်ရီလှိုက်မောစွာ သူ့ကိုဦးတည်လာတဲ့အသံတစ်ခု။ရှောင်းကျန့်ကမော့ကြည့်မိတယ်။ခွဲခန်းအရှေ့မှာ စောင့်ဆိုင်းနေခဲ့တဲ့ လူနာရှင်တွေ။အသက်ခပ်လတ်လတ်အမျိုးသမီးကြီး တစ်ဦးနဲ့အတူ သူ့ထက်အတော်အတန် ငယ်လောက်မယ့် ကောင်လေးတစ်ယောက်။လူနာရှင်နှစ်ယောက်က သူ့မျက်နှာပေါ်က အရိပ်အယောင်တွေကို အတင်းလိုက်ဖက်နေခဲ့တယ်။အားနာလိုက်တာ! အရှေ့ကလူတွေကို အားနာလို့သူဘယ်လိုလုပ်ရပါ့တော့မလဲ!

"ဒေါက်တာ..ကျွန်မယောကျာ်းအခြေအနေ!"

"ကျွန်တော်အဖေ အဆင်ပြေတယ်မလားဟင်!"

အသည်းအသန်မေးလာတဲ့မေးခွန်းတွေကြားမှာ ရှောင်းကျန့်အဖြေပျောက်နေတုန်း။အ​ဖြေရှိပြီး ဖွင့်ပြောလိုက်ဖို့ခက်ခဲတဲ့အခြေအနေတစ်ခုပါပဲ။နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ ဒီအကြောင်းအရာကိုပြောပြရတော့မယ်ထင်တယ်။

"ဒေါက်တာ! ကျွန်တော်တို့အဖေ!"

"တောင်းပန်ပါတယ်.."

"ခင်ဗျာ!"

အမျိူးသမီးက မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့အတူ သူ့ရဲ့ဂျူတီကုတ်တွေကို ဆွဲကိုင်လာခဲ့တယ်။

"မဟုတ်ဘူးမလား!...မဟုတ်ဘူးလို့ပြောပေးပါ ဒေါက်တာ!"

ရှောင်းကျန့်ကအဲ့အချိန်ခဏမှာအာစေးမိနေခဲ့မိတယ်။သူဘယ်လိုစကားကိုပြောရမယ်ဆိုတာကို ဦးနှောက်ကအလုပ်မလုပ်တော့တဲ့အထိ။ဒါပေမဲ့ မဖြစ်မနေပြောရမယ့်စကားကရှိနေသေးတာမို့..

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now