Unicodeလက်ကနာရီကိုတစ်ချက်ကြည့်မိတော့ မနက်ခြောက်နာရီကို ညွှန်ပြနေတယ်။အဲ့ဒီအချိန် ေရှာင်းကျန့်ကအကုန်ပြင်ဆင်ပြီးနေပြီ။အဖြူရောင် shirtလက်ရှည်ကို style pantထဲ သေသေသပ်သပ်ထည့်ဝတ်ထားပြီး ခေါင်းကဆံပင်အနည်းငယ်ကို သေချာပြုပြင်ပြီးတာနဲ့ ဂျူတီကုတ်နဲ့အတူ လက်ဆွဲအိတ်ကို ဆွဲပြီးအဆောင်ခန်းထဲကနေထွက်လာခဲ့တယ်။အလုပ်သင်ကာလတစ်နှစ်လောက်ကို ကျော်ဖြတ်နိုင်ရင်ရပြီမို့လို့ ဒီလိုနဲ့ပဲနေ့ရက်တိုင်းကို အားမွေးရှင်သန်ရတယ်။
ဒီလအတွင်းမှာ အဆောင်ကနေ စျေးသင့်တဲ့ တိုက်ခန်းတစ်ခုလောက်ကို ငှားနေဖို့တော့ရှောင်းကျန့်ကစဥ်းစားထားတယ်။အဆောင်ဆိုတာက လူအများနဲ့နေရတဲ့နေရာမို့လို့ သူ့အတွက်ေတာ့သိပ်အဆင်မပြေဘူး။စာလေ့လာရတဲ့အခါမျိူးရယ် nightduty ကျလို့ နောက်နေ့မနက် ပြန်အိပ်စက်အနားယူရတဲ့အခါမျိူးမှာ အဆောင်ဆိုတဲ့သဘာဝအတိုင်း ဟေလားဝါးလား ဆိုတော့ သူ့အနေနဲ့ ရေရှည်နေဖို့ကမဖြစ်နိုင်ဘူး။အခုရရှိနေတဲ့ အလုပ်သင်လစာလေးကိုလည်း ချွေတာသုံးစွဲသလို daydutyကျတဲ့နေ့တွေမှာ ဆေးရုံကပြန်လာပြီး ညနေဘက်အားလပ်ချိန်ကို စာသင်ဝိုင်းတစ်ခုမှာ guide လုပ်ပေးရင်းနဲ့ ရတဲ့အပိုဝင်ငွေကိုလည်း စုဆောင်းမိတယ်။
အဆောင်တံခါးကိုပိတ်ပြီးတာနဲ့ လှေကားထစ်တွေအတိုင်းဆင်းလာခဲ့ပြီး တစ်နေ့တာရဲ့လုပ်ငန်းခွင်ကို ဝင်ဖို့ပြင်တယ်။မနက်တိုင်းစောစော ထွက်လာခဲ့တဲ့ ရည်ရွယ်ချက်က ဆေးရုံကို သူက နေ့တိုင်းလမ်းလျှောက်သွားတာမို့လို့။busကားစီးရင်ရပေမဲ့ လူတွေနဲ့တိုးကျိတ်စီးရတာကို သူနေသားမကျ။
လူများတဲ့နေရာတွေကိုသူမကြိုက်ဘူး ။taxiမငှားတာကတော့ရှင်းပါတယ် အပိုဝင်ငွေထိန်းသိမ်းဖို့ရာအတွက် ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လမ်းလျှောက်ခြင်းကိုပဲ ရွေးချယ်ဖြစ်ခဲ့တယ်။
.
.
.
ဆေးရုံရဲ့ reception မှာ ဒီနေ့သူတာဝန်ယူပေးရမဲ့ လူနာစာရင်းကိုကြည့်မိတယ်။အလုပ်သင်ဆရာဝန်တွေအတွက်က ကြီးကြီးမားမား ကုသရေးအပိုင်းမျိူးကို တာဝန်မယူရပေမဲ့ တစ်ခါတစ်လေ အရည်အချင်းစစ်တဲ့ အရေးပေါ် caseလေးတွေကို ထည့်သွင်းပေးတာမျိူးလည်းရှိတက်တယ်။ဒါမျိူးကိုရှောင်းကျန့်ကသိပ်သဘောကျတယ် ဓားဆိုတာမျိူးက အမြဲတမ်းသွေးမှထက်နေသလို အရည်အချင်းဆိုတာမျိူးကလည်း အမြဲတမ်းစမ်းသက်ပေးနေသင့်တာမလား။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]