Unicode
မနက်ခင်းက အတူရှိနေရုံနဲ့တင် ပြည့်စုံတယ်။ထွေးဆုပ်ထားတဲ့လက်နှစ်ဖက် ပြေကျသွားခြင်းမရှိခဲ့တာကလိုအပ်နေခဲ့လို့ ဖြစ်ပါလိမ့်မယ်။မျက်တောင်ဖျားတွေကိုပုတ်ခက်ပြီးအရှေ့ကမြင်နေရတဲ့မျက်နှာဖွေးဖွေးကို တမေ့တမောငေးတယ်။အပြစ်ကင်းစင်နေတဲ့ကလေးငယ်တစ်ယောက်ပုံစံဖြစ်နေခဲ့တာကအကြည့်စူးစူးတွေနဲ့ တွန့်ချိုးနေတဲ့မျက်ခုံးတန်းတွေမရှိတာကြောင့် ဖြစ်မယ်ထင်တယ်။
ရှောင်းကျန့်က အရင်နိုးနေခဲ့တာ ဆယ့်ငါးမိနစ်လောက်ရှိနေပြီ။သူကဘယ်လောက်အိပ်ရေးပျက်ပျက် ပုံမှန်ချိန်မှာတော့ နိုးလာစမြဲပဲ။အိမ်မက်ဖြစ်မှာစိုးလို့ တစ်ညလုံးအိပ်ပျော်ဖို့မကြိုးစားတဲ့ကောင်လေးကတော့ အသက်ရှုသံ မှန်မှန်နဲ့ အိမ်မက်ကမ္ဘာထဲ လက်ပစ်ကူးနေတုန်း။မျက်နှာပေါ် ဝဲကျနေတဲ့ ဆံပင်ရှည်ကောက်ကောက်တွေကို ရှောင်းကျန့်က လက်ညိုးရယ်လက်မကိုသုံးပြီး ဖယ်ခွာပေးတယ်။
လက်ဖဝါးကြီးကြီးတွေထဲ အံဝင်ခွင်ကျဖြစ်နေတဲ့သူလက်တွေကို ရှောင်းကျန့်ကဖြည်းဖြည်းချင်းရုန်းထွက်ဖို့ပြင်တယ်။ပြီးတာနဲ့ ကုတင်ပေါ်ကနေ ညင်သာစွာပဲထလိုက်တယ်။ဝမ်ရိပေါ်နိုးသွားမှာစိုးလို့ ရှောင်းကျန့်ရဲ့ အပြုအမူတွေကအစညင်ညင်သာသာပဲ။ဝမ်ရိပေါ်အတွက်က လုံလောက်တဲ့ အိပ်စက်ချိန်လိုနေသေးတာမို့ ရှောင်းကျန့်က မနိုးစေချင်သေးဘူး။သူကတော့ အလုပ်တက်ရမှာမို့လို့ ပြင်ဆင်သင့်တာတွေပြင်ဆင်ရအုံးမယ်။
ပထမဆုံးအနေနဲ့ ရေအရင်ချိုးဖို့ကိုပြင်ရတယ်။သူ့ခန္ဓာကိုယ်က တော်တော်လေး ညစ်ပတ်နေလောက်ပြီ။ရှောင်းကျန့်ကရေချိုးခန်းတံခါးလော့ချတာကအစအသံမထွက်အောင် ပြုလုပ်ရတယ်။ဘယ်လောက်မှမကျယ်တဲ့ အလုံတိုက်ခန်းလေးထဲမှာ သူ့အသံကြောင့် ဝမ်ရိပေါ်ကိုနိုးသွားမှာကိုစိုးလို့။ရေချိူးပြီး တစ်ကိုယ်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ရေချိုးခန်းထဲကထွက်လာပြီး အဝတ်အစားလဲဖို့လုပ်ရတယ်။
ကုတင်နဲ့မလှမ်းမကမ်းမှာရှိတဲ့ နရံကပ်ဗီဒိုလေးထဲက အဝတ်အစားတစ်ချို့ကို ရှောင်းကျန့်ရွေးထုတ်လိုက်တယ်။တိုက်ခန်းစာချုပ်ထဲမှာပါတဲ့ အသုံးပြုနိုင်တဲ့ပရိဘောဂပစ္စည်းတွေကြောင့် သူ့အတွက်တော်တော်လေးအဆင်ပြေတယ်။ရှုပ်ပွနေရင်မနေတက်သူမို့ ပစ္စည်းတွေနေရာတကျလေးရှိနေရင် တကယ်သဘောကျတယ်။လဲဖို့အဝတ်အစားရွေးပြီးတာနဲ့ ရေချိုးခန်းထဲနောက်တစ်ခေါက်ပြန်ဝင်ရတယ်။ဘယ်လိုပဲ ဝမ်ရိပေါ်က အိပ်ပျော်နေပါစေအုံး ဘာမှမဖြစ်သလို အဝတ်အစားလဲလိုက်ဖို့ကတော့ တကယ်အဆင်မပြေဘူး။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]