Ep_29

4.6K 424 38
                                    


Unicode

ရက်အနည်းငယ်ကြာတော့ ဘွဲ့နှင်းသဘင်အခမ်းအနား(Medicine graduation ceremony)ကျင်းပမည့်ရက်သက်မှတ်ချက် အတိအကျထွက်လာခဲ့တယ်။ဟောက်စ်ဆာဂျင်တွေကထိုနေ့ရက်ကိုပဲ မျှော်လင့်စောင့်စားနေကြတာမို့ အခမ်းအနားကို အမြန်ဆုံးရောက်ရှိစေချင်​ေနကြတယ်။ရှောင်းကျန့်ကိုယ်တိုင်လည်း ထိုနည်းလည်းကောင်းပင်။ဘဝရဲ့ပထမဆုံးမှတ်တိုင်တစ်ခုမို့ စိတ်လှုပ်ရှားမိတာတော့အမှန်။နောက်တစ်ခုက အဲ့ဒီနေ့လိုအရေးကြီးတဲ့ရက်တစ်ရက်ကို အရေးကြီးတဲ့သူတစ်ယောက်နဲ့ ဖြတ်သန်းဖို့ကို ပိုစိတ်လှုပ်ရှားနေမိတယ်​ဆိုရင်လည်းပိုမှန်လိမ့်မယ်။

Medicine graduation ceremony ပွဲကိုတက်ရောက်ဖို့ဖိတ်ကြားလွှာက သူထံသို့်ရောက်ရှိလာပြီဖြစ်သလို mailကနေလည်းတစ်ဆင့်အကြောင်းကြားလာခဲ့ပြီဖြစ်တယ်။ရှောင်းကျန့်ကဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဝမ်ရိပေါ်ကို ဘာမှမပြောထားရသေး။ဒီနေ့မှ detailsသိရှိတာမို့ ဝမ်ရိပေါ်ပြန်လာမှပဲ အသိပေးဖို့ကိုစဥ်းစားထားခဲ့တယ်။အဲ့ဒီနေ့မှာ ဝမ်ရိပေါ်ကိုသူရဲ့အုပ်ထိန်းသူအနေနဲ့ လိုက်ပါပေးဖို့အတွက်ရှောင်းကျန့်ကဆန္ဒရှိနေတယ်။မိသားစုဝင်မရှိတဲ့သူ့အတွက် ဝမ်ရိပေါ်ကပဲ သူရဲ့တစ်ဦးတည်း​ေသာမိသားစုဝင်တစ်ယောက်လို အဲ့ဒီနေ့မှာ အတူရှိပေးစေချင်တယ်။

ရှောင်းကျန့်ကစာအိတ်လေးနဲ့ထုတ်ပိုးထားတဲ့ ဖိတ်ကြားလွှာလေးကိုကြည့်ပြီးမျက်နှာထက်အပြုံးတွေဖြစ်ထွန်းလာရတယ်။စာအိတ်လေးကိုအံဆွဲထဲသေချာထည့်ထားလိုက်ပြီး ခုချိန်ထိအိမ်ကိုပြန်မလာသေးတဲ့ကောင်လေးကိုစောင့်နေလိုက်တယ်။ဒီရက်တွေမှာတော့ရှောင်းကျန့်ရဲ့အိမ်ပြန်လမ်းက တစ်ယောက်တည်းအဖော်မဲ့နေတက်တယ်။။ပြိုင်ပွဲတွေနီးကပ်လာတာကြောင့်အိမ်ပြန်ချိန်တွေနောက်ကျတဲ့ကောင်လေးကခုချိန်ထိလဲပြန်ရောက်မလာခဲ့သေး။လက်ကနာရီကိုကြည့်လိုက်တော့ ကိုးနာရီဆိုတဲ့အချိန်ကိုညွှန်ပြတယ်။ရှောင်းကျန့်ကmacbookတစ်လုံးနဲ့ဆိုဖာထက်မှာထိုင်နေခဲ့ပြီး အိမ်အပေါက်ဝကိုလည်းတစ်ချက်တစ်ချက်အကြည့်တို့ပို့ဖြစ်တယ်။

ကိုးနာရီစွန်းစွန်းလောက်ရောက်တော့ တံခါးလော့ကိုဖွင့်လိုက်တဲ့အသံကြောင့် ရှောင်းကျန့်ရဲ့အကြည့်တွေက တံခါးဝကိုရောက်ရှိသွားတယ်။ဆံပင်တွေကိုဖြန့်ချထားပြီး လွယ်အိတ်အမဲတစ်လုံးကိုပုခုံးတစ်ဖက်မှာ လွယ်ထားတဲ့ကောင်လေးက ကြမ်းပြင်မှာထိုင်ပြီး ဖိနပ်ကြိုးတွေကိုဖြေနေခဲ့ပြီ။ဝမ်ရိပေါ်အတွက်ကို တိုက်ခန်းသော့အပိုတစ်ချောင်းပေးထားခဲ့တာမို့ ေနာက်ကျတဲ့အချိန်တိုင်းမှာ ဝမ်ရိပေါ်ကသူ့ဘာသာပဲဖွင့်ဝင်တက်တယ်။တစ်ခါတစ်လေ တော်တော်ညည့်နက်တဲ့အခါမျိူးထိရှိတက်တာမို​ ့ရှောင်းကျန့်ကစောင့်နေရင်း အိပ်ပျော်သွားတက်တယ်။အဲ့လိုအခါမျိူးမှာဆိုရင်ဝမ်ရိပေါ်ကရှောင်းကျန့်နိုးမှာစိုးတာကြောင့်တံခါးဘဲလ်ကိုမသုံးပဲ သော့အပိုကိုဆောင်ထားတက်လာတယ်။ဒါပေမဲ့ အအိပ်ဆက်တဲ့ရှောင်းကျန့်ကြောင့်အရမ်းနောက်ကျရင်တော့ သူ့ကွန်ဒိုပဲ ပြန်တက်တယ်။

|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now