Unicodeစီးကရက်တစ်လိပ်ကို ခပ်ပြင်းပြင်းရှိုက်ဖွာပြီးတာနဲ့ အငွေ့တွေ့ကို အခန်းလေးထဲလွှင့်ထုတ်မိတယ်။ဒါနဲ့ဆို သူသောက်နေမိတာ ခြောက်လိပ်လောက်ရှိပြီ။တစ်ခါမှ သူဒီလောက်ကြီး ဆက်တိုက်မသောက်ဘူးပေမဲ့ ဒီနေ့မှာတော့ ဦးနှောက်ကို အလုပ်ပေးမိတာကြောင့် မထိန်းချုပ်မိတော့ဘူး။စိတ်ထဲမှာလည်း တစ်ခုခုကို တွေးချင်စိတ်က အစိုးမရဘူး။ဒီအတိုင်းလေးပဲနေမယ် ဒီလောက်နဲ့ပဲရပ်တန့်ပစ်ချင်ပေမဲ့ တစ်ခုခုကလွဲမှားေနသလို။
ဒီလောက်ထိနစ်ဝင်မိခဲ့လိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်။မှိုုင်းညို့ညို့ မျက်ဝန်းတွေအောက်မှာ သူ့ရဲ့လှလှပပကျရှုံးခန်းလား။ဘယ်လိုမျိူးလေးလဲ! အစစ်အမှန်တွေပဲ ကြဲချပေးချင်လောက်အောင် အေးချမ်းတဲ့ မေတ္တာရပ်ဝန်းလေးတစ်ခုကို တွေ့ရှိလိုက်သလိုမျိူး။ခံစားချက်လေးက တစ်စုံတစ်ခုဆီကို ရေရေရာရာ တွန်းပို့နေတယ်။ဝေခွဲရခက်နေတာမျိူးမဟုတ်ပဲ ချင့်ချိန်နေတာမျိူး။အတ္တလေးကြောင့် ဝန်တစ်ခုလိုဖြစ်သွားမှာမျိူးကိုလည်းမလိုချင်ပြန်ဘူး။
အဓိပ္ပါယ်ဖွင့်ကြည့်လိုက်ရင် ခက်ခဲတဲ့ ဧရိယာလေး။
တစ်မျိူးတစ်ဖုံသော စိတ်စွမ်းအင်လေးတစ်ခုလိုပဲ။
လွယ်လွယ်တုပ်နှောင်လို့ရမဲ့သူမျိူးမဟုတ်တော့ အချိန်ယူတော့ပြင်ဆင်ရလိမ့်မယ်။အနာပေးလိုက် ဆေးကျွေးလိုက်နဲ့ မထင်မရှားပုံရိပ်လေးတစ်ခုလိုကပ်တွယ်ချင်မိတယ်။အနှောင်အဖွဲ့ကင်းကင်းနဲ့ပဲ တိုးဝင်ပါမယ်။လက်ခံသူသာခရီးဦးကြိုပြုမယ်ဆိုရင် ဒီဝင်္ကပါလေးထဲ လွတ်မြောက်ရာလမ်းရှိမယ်မထင်။စီးကရက်ဖင်အစီခံလေးထိ လောင်ကျွမ်းလာပြီဖြစ်တဲ့ ဆေးလိပ်လေးကို ကြမ်းပြင်ပေါ်ဖိချေပြီး မီးသက်လိုက်မိတယ်။ခြောက်လိပ်မြောက်သောစီးကရက်လိပ်လေးဟာလည်း အတွေးတွေနဲ့အတူလောင်ကျွမ်းသွားပြန်ပြီ။နှုတ်ခမ်းတစ်ဖက်ကို တွန့်ပြီးသူပြုံးလိုက်မိတယ်။ယောကျာ်းတစ်ယောက်ကြောင့် ဆောက်တည်နိုင်စွမ်းတွေပျက်ပြားသွားပုံများ။ဦးနှောက်ဆဲလ်တွေက အလုပ်မလုပ်တော့ဘူးထင်ပါရဲ့။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
Fanfic__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]