Unicode
ဒီနေ့တစ်နေ့လုံး စိတ်နဲ့လူနဲ့မကပ်။ဘာကိုအလိုမကျမှန်းမသိ ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုလည်း စိတ်ကျေနပ်မှုရှိမနေဘူး။အကြောင်းပြချက်တွေကို သူ့ဘက်ကမတောင်းခံပါပဲနဲ့ပေးစေချင်နေတာလား။ဒါပေမဲ့ တစ်ဖက်လူက ဘယ်လိုလူမျိူးလဲဆိုတာ သူကိုယ်တိုင်သိနေတာပဲမလား။သူကအဲ့လိုလူမျိူး အဲ့လိုစရိုက်လက္ခဏာတွေရှိတဲ့လူမျိူးပဲ ဆိုတာကို ကိုယ့်ကိုယ်ကိုသတိပေးထားပြီး အချို့သောနားလည်မှုတွေကို ချိုးနှိမ်ထားရတယ်။
တကယ်တော့သူဝမ်ရိပေါ်ကို အပြစ်မြင်နေတာမျိူးမဟုတ်ဘူး။ဝမ်ရိပေါ်ကို ဘယ်လိုနားလည်ပေးနိုင်မလဲဆိုတာကို ခဲွဲခြားသုံးသပ်နေခဲ့တာ။မနက်က လိုက်လာတဲ့တစ်လျှောက်လုံး ပျောက်သွားခဲ့ရတဲ့ ရက်တွေနဲ့ပတ်သက်ပြီး ဝမ်ရိပေါ်ဘက်က ဘာအကြောင်းပြချက်မှပေးမလာဘူး။ရှောင်းကျန့်ကလည်း လူတစ်မျိူး ဘယ်လောက်ပဲသိချင်နေတဲ့အကြောင်းအရာမျိူးဖြစ်ပါစေ ထုတ်မေးတက်တဲ့သူမျိူးမဟုတ်ဘူး။သူလိုချင်တာ ဝမ်ရိပေါ်ဘက်က အလိုက်တသိနဲ့ အသိပေးလာမဲ့အခြေအနေကို။
တကယ်ဆို ဝမ်ရိပေါ်ရဲ့အပြုအမူတွေကို သူ့စိတ်နဲ့ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။သူ့ဘက်က ဝမ်ရိပေါ်ကို ပတ်သက်ပိုင်ခွင့်ပေးထားခြင်းမှမရှိတာပဲ။ဒါကပုံမှန်ပါပဲ ဘာမှမဟုတ်တဲ့အခြေအနေတစ်ခုမှာ ဝမ်ရိပေါ်ရဲ့ အသေးအမွှားကိစ္စကအစ သူသိနေဖို့မလိုဘူး အမှန်တော့ ဒါကပုံမှန်ပဲ။ပုံမှန်မဟုတ်တာက သူကိုယ်တိုင်ပဲ ဖြစ်နေခဲ့တာ။ဒါကိုတော့ ရှောင်းကျန့်က သိနေရဲ့သားနဲ့တောင်လျစ်လျူရှုထားဆဲ။
ဘယ်လောက်မာကျောပြနေပါစေအုံး ပုထုစဥ်ထဲကလူတစ်ယောက်ပဲလေ ဒီခန္ဓာက ဘာသားနဲ့များတည်ဆောက်ထားတာမို့လို့လဲ..
.
.
လက်ကနာရီကိုတစ်ချက်ကြည့်လိုက်တော့ လေးနာရီကိုညွှန်ပြနေတယ်။ဒီနေ့က day dutyပဲမို့လို့ အလုပ်သိမ်းဖို့အတွက်ကို သူအဆင့်သင့်ပြင်ထားလိုက်တယ်။ဘာရယ်မဟုတ်ပါပဲထီးအမဲရောင်လေးကို ကောက်ကိုင်လိုက်တော့ ညနေစောင့်နေမယ်ဆိုတဲ့တစ်စုံတစ်ယောက်ကို သတိရမိတယ်။ရှောင်းကျန့်ကချက်ချင်းပဲ တွေးတာကိုရပ်လိုက်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။သူတကယ် ဝမ်ရိပေါ်ကို မတွေ့ချင်သေးဘူး။
YOU ARE READING
|| All In || (ᴄᴏᴍᴘʟᴇᴛᴇᴅ)
أدب الهواة__ᴀ ʙɪʀᴛʜᴅᴀʏ ɢɪꜰᴛ ꜰᴏʀ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ɪꜱ ɪᴍᴘᴏʀᴛᴀɴᴛ ᴛᴏ ʟɪꜰᴇ __ [ʙᴊʏx]